နတ်မောက် ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် ကျောင်းသား/သူများ၊ လမ်းသွားလမ်းလာပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများပြသခြင်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက် လျက်ရှိပါသည်။
အဆိုပါနံရံကပ်ပြဘုတ်တွင် မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ ၂၀၂၂ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသား ဦးတည်ချက်(၅)ချက်၊ ပြည်သူအားလုံး သမိုင်းပေးတာဝန်၊ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းအကျဉ်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီရှေ့ လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉)ရပ်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး စာစောင်နံရံကပ် မှတ်တမ်းဓာတ်ပုံများကို ပြည်သူများ စိတ်ဝင်စားစွာကြည့်ရှုရန် ပြသလျက်ရှိကြောင်း သိရသည်။
လှဝင်း