သတင်းများ

ပွင့်ဖြူမြို့၌ အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ဖွင့်လှစ်
Dec 24,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် ‌အကောင်အထည်ဖော် တည်ဆောက်ပြီးစီးသည့် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက် စကားဝါလမ်းနှင့် အင်ကြင်း လမ်းထောင့်ရှိ အောက်ဆီဂျင်စက်ရုံဝန်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ငရုတ်ကောင်းမြို့တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက် ထိုးနှံရန် အသိပေးနှိုးဆော်ခြင်းဆောင်ရွက်
Dec 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသက် (၁၈) နှစ်ပြည့်ပြီးသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံရန် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပလောက်မြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်/စာစောင် ပြပွဲဆောင်ရွက်
Dec 24,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက်ပိုင်းက မြို့Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ပုံပြောစွမ်းရည်ပြိုင်ပွဲကျင်းပ
Dec 24,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းပြီး၊ ကလေး သူငယ်များ နေ့ထူး၊ နေ့မြတ်များကို
မင်းတုန်းမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အား အသိပေးနှိုးဆော်ကြေညာ
Dec 24,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် မင်းတုန်းမြို့နယ်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့ပေါ် ရပ်ကွက်များတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အား အသံချဲ့ စက်ဖြင့် လိုက်လံအသိပေးနှိုးဆော် ကြေညာခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲကျင်းပ
Dec 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာရုံး ပြည်သူ့စာကြည့်တိုက်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို  စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
ကျေးလက်ကုန်ထုတ်လမ်းများ ဆောင်ရွက်နေမှုအခြေအနေ မြေပြင်ကွင်းဆင်းစစ်ဆေး
Dec 24,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သာယာအေးကျေးရွာအုပ်စု၊ သာယာအေးကျေးရွာနှင့် ရွေးစုကျေးရွာအုပ်စု၊ ရွေးစုကျေးရွာတွင် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် ခြောက်လတာကာလအတွင်း
ချောင်းသာမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကွန်ကရစ်လမ်းသစ်ဖွင့်
Dec 24,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင်ကျ ရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ယနေ့နံနက် ၈ နာရီက အမှတ်(၃)ရပ်ကွက်ရှိ မဟာဗန္ဓုလလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့သည်။