ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ၌ ဂုဏ်ပြုပွဲနှင့် စာအုပ်စာစောင် လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ယနေ့မွန်းလွဲပိုင်းက ငါးသိုင်းချောင်းမြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် စာရေးဆရာ သိန်း ဇော်(ရွှေလီဦး)အား (၂၀၂၀)ခုနှစ်၊ စာပေဗိမာန် စာမူဆု (ဝတ္ထုတိုပထမဆု) ရရှိခဲ့ခြင်း အတွက် ငါးသိုင်း ချောင်းမြို့ ပြန်/ဆက်ဦးစီးဌာနနှင့် (Club)အသင်းအဖွဲ့ဝင်များက ထပ်ဆင့်ဂုဏ်ပြုပွဲနှင့် စာအုပ်စာ စောင် လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။