ကျေးလက်ကုန်ထုတ်လမ်းများ ဆောင်ရွက်နေမှုအခြေအနေ မြေပြင်ကွင်းဆင်းစစ်ဆေး

တပ်ကုန်း    ဒီဇင်ဘာ   ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သာယာအေးကျေးရွာအုပ်စု၊ သာယာအေးကျေးရွာနှင့် ရွေးစုကျေးရွာအုပ်စု၊ ရွေးစုကျေးရွာတွင် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် ခြောက်လတာကာလအတွင်း ပြည်ထောင်စုငွေလုံး ငွေရင်း (မူလ) ရန်ပုံငွေကျပ် (၃၃.၁၉) သန်း ဖြင့် ကုန်ထုတ်လမ်းဆောင်ရွက်နေမှု အခြေအနေများအား ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ခေတ္တခရိုင်ဦးစီးမှူး ဦးအွမ်းတမ်ဟုန်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး   တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆက်နိုင်ထွန်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာ ကုန်ထုတ်လမ်းကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည်။

သာယာအေးကျေးရွာတွင်  ရိစာလမ်းအရှည် (၀.၆၃၆)ဖာလုံ၊ အကျယ်(၁၂)ပေ၊ထု (၉)လက်မ၊ ရွေးစုကျေးရွာတွင် မြေသားလမ်းအရှည် (၂.၄၂) ဖာလုံ၊ အကျယ် (၁၄) ပေ၊ ထု (၁) ပေ၊ ရိစာလမ်း အရှည် (၂.၄၂) ဖာလုံ၊ အကျယ် (၁၂) ပေ၊ ထု (၉) လက်မ၊ Slab Culvert (၁) စင်းကို ဆောင်ရွက် လျက်ရှိပြီး၊ အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းများ ဆောင်ရွက်ပြီးစီးပါက လယ်ယာထွက်ကုန် သီးနှံများ သယ်ယူရောင်းဝယ်ဖောက်ကားရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများ ပိုမိုဖွံ့ဖြိုး လာမည်ဖြစ်သည်။

တပ်ကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်ခြောက်လတာ ကာလအတွင်း ရွေးစုသာယာ အေးကျေးရွာ ပါဝင်ဖြစ်ပြီး၊ ခြုံကြီး၊ ကြံဘိုနှင့် ရှားတောကျေးရွာများတွင် ကျေးလက်ကုန်ထုတ် လမ်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်