မင်းတုန်း ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် မင်းတုန်းမြို့နယ်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့ပေါ် ရပ်ကွက်များတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အား အသံချဲ့ စက်ဖြင့် လိုက်လံအသိပေးနှိုးဆော် ကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့နှိုးဆော် ကြေညာရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် ထုတ်ပြန်ကြေညာခဲ့သည့် NUG ၊ CRPH နှင့် လက်ဝေခံ PDF အဖွဲ့များ၏ တရားမဝင် လက်နက်များ၊ ခဲယမ်းများ၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများအပြင် လက်လုပ်သေနတ်၊ ယမ်း၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို လက်ဝယ် ကိုင်ဆောင် အကြမ်းဖက်မှုအပေါ်နှင့် နယ်စပ်ဒေသများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တစ်ချို့တို့မှလည်း နိုင်ငံရေး၊ စစ်ရေးအမြတ်ထုတ်ရန်အလို့ငှာ ပြည်တွင်းသို့ နည်းမျိုးစုံဖြင့် ပို့ဆောင်နေသည့် လက်နက်ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား နည်းမျိုးစုံဖြင့် လက်ဝယ်ကိုင်ဆောင်သူ အကြမ်းဖက်သမားများထံမှ လည်း ဖော်ထုတ်ဖမ်းဆီးရမိ သိမ်းဆည်းလျက်ရှိပါကြောင်း၊ ၎င်းပြင်တစ်ချို့သော အကြမ်း ဖက်သမားများသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ မသိနားမလည်မှု၊ ရိုးသားမှုအပေါ် အခွင့် ကောင်းယူလျက် မိမိတို့၏ တရားမဝင် လက်နက်ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် တားမြစ်ပစ္စည်းများကိုလည်း နည်းအမျိုးမျိုး၊ အသွင်အမျိုးမျိုး ဖြင့် အပ်နှံသိမ်းဆည်း စေမှုများကိုလည်း ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိကြောင်း၊ သို့ဖြစ်ရာ အကြမ်းဖက်သူများနှင့် မသက်ဆိုင်သူများကို မလိုလားအပ်သော တရားဥပဒေရင်ဆိုင်မှုများ မရှိနိုင်စေရေးအလို့ငှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထား၍ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးသည် အကြောင်းအမျိုးမျိုးနှင့် နည်းမျိုးစုံဖြင့် မိမိတို့နေအိမ်၊ တိုက်ခန်း နှင့် နေရာအသီးသီးတွင် တရားမဝင်လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအပါအဝင် နိုင်ငံတော်မှ ဥပဒေအရ တားမြစ်ပြဌာန်းထားသည့် မူးယစ် ဆေးဝါးများ၊ လက်ဝယ်သို့ရောက်ရှိ သိမ်းဆည်းထားခြင်းများ ရှိပါက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၊ နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံကြပါ ရန်နှင့် သတ်မှတ်ရက် ကျော်လွန်ပြီးနောက် စစ်ဆေးတွေ့ရှိရပါက တည်ဆဲ ဥပဒေများနှင့် အညီ အရေးယူခံရမည်ဖြစ်ကြောင်း ပြည်သူများ သိရှိနိုင်ရန် အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)