ချောင်းသာမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကွန်ကရစ်လမ်းသစ်ဖွင့်

ချောင်းသာ  ဒီဇင်ဘာ  ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင်ကျ ရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ယနေ့နံနက်  ၈ နာရီက အမှတ်(၃)ရပ်ကွက်ရှိ မဟာဗန္ဓုလ လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ ချောင်းသာမြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်က အဖွင့်အမှာစကား ပြောကြားပြီးမြို့စည် ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးမင်းဇော်က လမ်းဖြစ်မြောက်အောင်ဆောင်ရွက် ခဲ့ပုံများကို ရှင်းလင်းပြောကြားပြီး မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်၊ မြို့စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးတင်လှမိုး၊ ကော်မတီအဖွဲ့ဝင် ဦးမင်းဇော်တို့က လမ်းသစ်မုခ်ဦးဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။

အဆိုပါ ကွန်ကရစ်လမ်းသစ်အား   ရွှေသောင်ယံမြို့စည်ပင် သာယာရေးအဖွဲ့၏  ၂၀၂၁-၂၀၂၂ ခု၊ဘဏ္ဍာရေးနှစ်၊ (၆)လတာကာလ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လမ်းအရှည် ၃၃၅ ပေအား အကျယ်၁၄ ပေ၊ ထု ၈ ပေ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးဒေသခံပြည်သူများ  ရာသီမရွေး အဆင်ပြေစွာ အသုံးပြုသွားလာနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

ကျော်ကျော်(ချောင်းသာ၊ပြန်/ဆက်)