သတင်းများ

ပန်းခင်းစီမံချက်ဖြင့် မြန်အောင်မြို့နယ် အ.ထ.က(တာခွ) ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ် ဦးစီးမှူး ရုံးဝန်ထမ်းများသည် ယနေ့နံနက်က မြန်အောင်မြို့နယ် တာခွတဲကြီးကုန်းကျေးရွာအုပ်စု အ.ထ.က(တာခွ) ကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။
မြိုင်မြို့ယာယီပျံကျဈေးအနီးတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပျက်ဆောင်ရွက်
Dec 23,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုတ်မြှင့် ဆောင်ရွက်လျက်ရှိရာ အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းကို မြို့နယ်ယာယီဈေးအနီးတွင် နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့သန့်ရှင်းရေး၊ မြို့စိမ်းလန်းစိုပြေ သာယာလှပရေး၊ မြို့နယ်များပြောင်းလဲစစ်ဆေး
Dec 23,2021
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ Clean City (မြို့သန့်ရှင်းရေး)/ Green City (မြို့စိမ်းလန်းစိုပြေသာယာလှပရေး) မြို့များဖြစ်လာစေရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်ပြီး ယမန်နေ့က မြို့နယ်များပြောင်းလဲ စစ်ဆေးခဲ့ကြောင်းသိရသည်။
မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်များ အသိပေးနှိုးဆော်
Dec 23,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါကြိုတင် ကာကွယ်ရေး အတွက်ယနေ့နံနက်ပိုင်းကမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော် မတီဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီတပ် ဖွဲ့ဝင်များပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့်လိုက်လံနှိုးဆော်သည်။
မိုင်းရှူးမြို့၌ (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့ အကြိုအားကစားပြိုင်ပွဲများကျင်းပ
Dec 23,2021
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မိုင်းရှူးမြို့၊ အမှတ်(၁)အခြေခံပညာ မူလတန်း ကျောင်းတို့ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က အမကကျောင်းဝင်း၌ ပြုလုပ်ခဲ့သည်။
လမိုင်းမြို့ မြို့မ(၃)ရပ်ကွက် အ.မ.ကဘူတာကုန်းကျောင်းတွင်(၇၄)နှစ်မြောက်လွတ်လပ် ရေးနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ
Dec 23,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့ မြို့မ(၃)ရပ်ကွက် အ.မ.ကဘူတာကုန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျောင်းဝင်းအတွင်းတွင် ပြုလုပ်ခဲ့သည်။
မိုင်းငေါ့မြို့အတွင်းရှိ အသက် (၁၈)နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အမျိုးအစား ဆက်လက်ထိုးနှံပေး
Dec 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစားကို ကွန်ကောက်ကျေးရွာနှင့် မန်ပင့်ကျေးရွာ ရှိ ပြည်သူများအား ယမန်နေ့ နံနက် (၉) နာရီအချိန်က  ပထမအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဂွမြို့နယ် ဆပ်သွားကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Dec 23,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြား မရှိသူများအား ဥပဒေနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဒုလဝကမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။