ပလောက်မြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်/စာစောင် ပြပွဲဆောင်ရွက်

ပလောက်   ဒီဇင်ဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက်ပိုင်းက မြို့Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ် ပြန်/ဆက် ဦးစီးမှူးက လွတ်လပ်ရေးရရှိသည့် ခုနှစ်၊ လွတ်လပ်ရေးရရှိရေးအတွက် အာဇာနည် ခေါင်းဆောင်ကြီးများ၏  ဆောင်ရွက်ကြိုးပမ်းခဲ့မှုများ၊ လွတ်လပ်ရေး၏ အနှစ်သာရ၊ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး၊ လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် စာအုပ်စာစောင်များကို ပြသထားရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)