ငရုတ်ကောင်းမြို့တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက် ထိုးနှံရန် အသိပေးနှိုးဆော်ခြင်းဆောင်ရွက်

ငရုတ်ကောင်း ဒီဇင်ဘာ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသက် (၁၈) နှစ်ပြည့်ပြီးသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံရန် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ချက်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများ၊ မသန်စွမ်းသူများ၊ ရွေ့ပြောင်း လာရောက်နေထိုင်သူများ၊ နာတာရှည်နှင့် မကူးစက် နိုင်သော ရောဂါရှိသူများအနေဖြင့် ငရုတ်ကောင်းမြို့ မူလတန်းကြိုကျောင်းဆောင်တွင် ကာကွယ်ဆေးများကို မပျက်မကွက် လာရောက်ထိုးနှံကြပါရန် အသိပေးနှိုးဆော် တိုက်တွန်းခဲ့ပါသည်။

ငရုတ်ကောင်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ ပူးပေါင်းကာ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငရုတ်ကောင်း (ပြန်/ဆက်)