ဟင်္သာတမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲကျင်းပ

ဟင်္သာတ ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာရုံး ပြည်သူ့စာကြည့်တိုက်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို  စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။

အဆိုပါပြပွဲကို ဟင်္သာတမြို့ရှိ လူမူရေးအသင်းအဖွဲ့များ၊  စာပေဝါသနာရှင်များ က လာရောက် ကြည့်ရှုလေ့လာခဲ့ကြပြီး ခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လွတ်လပ်နေ့ အကြောင်းအရာနှင့် ပတ်သက်သော စာအုပ်များ၊ လွတ်လပ်ရေးအရယူခဲ့ပုံ သမိုင်းကြောင်းစာပေများ၊ ယနေ့လူငယ် များအတွက် အတုယူ မှတ်သားဖွယ်ရာ လွပ်လပ်ရေး ကြိုးပမ်းခဲ့ပုံများနှင့် သုတ၊ ရသ စာအုပ်များ ကိုပါ ခင်းကျင်းပြသခဲ့ပြီး စာပေချစ်စိတ်နှင့် ဗဟုသုတရစေရန်၊ လွတ်လပ်ရေးနေ့၏ အနစ်သာရ နှင့် မိမိနိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးစိတ်များ ပိုမိုလာစေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ကိုဇော် -ဟင်္သာတ