သတင်းများ

ရွာသစ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ (Book Club) စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Dec 24,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များ စုပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြသည်။
ဟိုပန်၌ (၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ ဆောင်ရွက်
Dec 24,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့်  (၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်း​ပြည်နယ် (မြောက်ပိုင်း)၊ ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဟိုပန်မြို့နယ် ကောင်းကော်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းသို့ ကွင်းဆင်း၍ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ဒီဇင်ဘာလ ၂၂ ရက် နေ့က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့၌ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၆)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူ (၁၃၄)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေး
Dec 24,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
မြောက်ဦးခရိုင်အတွင်းရှိ ငါး/ပုဇွန်မွေးမြူရေး လုပ်ငန်းရှင်များနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Dec 24,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် အတွင်းရှိ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နှင့် မြေပုံမြို့နယ်များ တွင် ငါး/ပုဇွန်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေကြသော ပြည်သူများမှ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံသော အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၃ ရက်နေ့  နံနက် ၉ နာရီအချိန်က ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာရုံး အစည်းအဝေးခန်းမအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ဆောင်းသီးနှံ (သီးထပ်) စိုက်တောင်သူများအား မျိုးစေ့များနှင့် ဓာတ်မြေဩဇာပံ့ပိုးပစ္စည်းများ ပေးအပ်
Dec 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ ဆောင်းသီးနှံ (သီးထပ်) စိုက် တောင်သူများအား မျိုးစေ့များနှင့် ဓာတ်မြေဩဇာ ပံ့ပိုးပစ္စည်းများအား ယနေ့ နံနက် ၁၀ နာရီ အချိန်က အင်းတော်မြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။
အင်းတော်မြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်၊ ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲကျင်းပ
Dec 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ Community Center ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်၊ ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်တွင် ကျင်းပခဲ့သည်။
မြို့သစ်မြို့နယ်၌ သင်္ဘောစိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိ၍ အဆင်ပြေ
Dec 24,2021
မကွေးခရိုင်၊ မြို့သစ်မြို့နယ်ရှိ တောင်သူများအနေဖြင့် ဆောင်းရာသီတွင် သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိရာ သင်္ဘောစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ် ခူးဆွတ်ရောင်းချရ သောကြောင့် အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ချောင်းဦးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) ကျောင်းပေါင်းစုံ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ စာစီစာကုံး၊ စာအုပ်စာစောင်ပြပွဲပြိုင်ပွဲများကျင်းပ
Dec 24,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ကျောင်းပေါင်းစုံ ကျောင်းသားလေးများ၏ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ စာစီစာကုံး၊ စာအုပ်စာစောင်ပြပွဲပြိုင်ပွဲများကို ဒီဇင်ဘာ ၂၂၊ ၂၃ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။