သတင်းများ

လှိုင်းဘွဲမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်
Dec 24,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကလေးသူငယ်များအတွက် ရရှိရထိုက်သော အခွင့်အရေးများနှင့် ကလေး အလုပ်သမား ပပျောက်ရေးအတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီခွဲ အချိန်က ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဖြူခရိုင်ရုံး မြေစိုက်နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် ဖော်ဆောင်နေမှု မှတ်တမ်းဓာတ်ပုံများ ပြသထားရှိ
Dec 24,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား ပြည်သူများလေ့လာသိရှိဖတ်ရှုနိုင်စေရန်ဗီနိုင်းပိုစတာဖြင့် ယနေ့၊ နံနက်ပိုင်းက စတင်ခင်းကျင်း ပြသလျက်ရှိသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ စက်ရေတွင်းတူးဖော်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး
Dec 24,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဦးနှင့် အဖွဲ့သည် ယမန်နေ့ကသာစည်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စက်ရေတွင်းတူးဖော်နေမှုအခြေအနေအား မြေပြင်ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။
ကာမိုင်းမြို့ရှိ (KBC)လိုင်နောင်းနှင့်(RC)ဓမ္မာရုံစစ်ရှောင်စခန်းတို့အား ဆန်အိတ်များ ထောက်‌ပံ့ပေးအပ်
Dec 24,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ နန့်စီးအင်ကျေးရွာအုပ်စု ထွယ်ဆန်ယန်ကျေးရွာအတွင်းရှိ (KBC)လိုင်နောင်းစစ်ရှောင်စခန်းနှင့် (RC)ဓမ္မာရုံ စစ်ရှောင် စခန်းများရှိ ပြည်သူများအားဆန်အိတ်များကို ယနေ့နံနက် (၁၁)နာရီက သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
စစ်တွေမြို့၌ မဇျ္စိမ တံခါးပန်းချီပြပွဲကျင်းပ
Dec 24,2021
မဇျ္စိမတံခါး ပန်းချီပြပွဲကို ယနေ့နံနက်ပိုင်းက စတင်ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့ထိ စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ပြုလုပ်လျက်ရှိသည်။
မိုင်းပျဉ်းမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မိုင်းပျဉ်း မြို့နယ်၊ ယမ်းမိုင်ကျေးရွာတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ
Dec 24,2021
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက အမကနောင်လုံကွင်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
ဘုတလင်မြို့တွင် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ (Talk Show) ဆောင်ရွက်
Dec 24,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ (Talk Show) ကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဘုတလင် မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။