လှိုင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်
Dec 23,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အမှတ် ၁၂ ရပ်ကွက်၊ သိပ္ပံပစ္စည်းစက်ရုံ၀န်း၊ လှိုင်ကုသရေး စင်တာတွင် ယနေ့နံနက် (၉:၀၀)နာရီအချိန်တွင် ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆေးထိုးနှံရာတွင် ရပ်ကွက်(၁၆)ခုအတွင်းရှိ အသက်(၁၈)နှစ်အထက် ရပ်ကွက်နေ ပြည်သူများ ပထမအကြိမ် စုစုပေါင်း (၁၅၆)ဦးနှင့် ဒုတိယအကြိမ် စုစုပေါင်း(၅၀) ဦးကို နှံပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။