ပုဏ္ဏားကျွန်းမြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ပုံပြောစွမ်းရည်ပြိုင်ပွဲကျင်းပ

ပုဏ္ဏားကျွန်း ဒီဇင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းပြီး၊ ကလေး သူငယ်များ နေ့ထူး၊ နေ့မြတ်များကို  အစဉ်အမြဲ သတိရစေရန်နှင့် အသိပညာဗဟုသုတများ ပိုမိုရရှိစေရည်ရွယ်၍   (၇၄)နှစ်မြောက်  လွတ်လပ် ရေးနေ့အထိမ်းအမှတ် (အကြို)၊ အခြေခံပညာမူလတန်း (လွန်) အဆင့် ပုံပြောစွမ်းရည်ပြိုင်ပွဲကို  ယမန်နေ့၊ မွန်းလွဲပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ကျင်းပသည်။

ရှေးဦးစွာ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသိန်းတန်အောင်က ပုံပြောစွမ်းရည်ပြိုင်ပွဲ ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်း ပြောကြားပြီးနောက်  မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် လေးဝတီ (မောင်ကြီး) က ပြိုင်ပွဲနှင့် ပတ်သက်သည့်    စည်းမျဉ်း၊ စည်းကမ်းများနှင့် လွတ်လပ်ရေးနေ့  ဖြစ်ပေါ်လာပုံ သမိုင်းအဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားသည်။

ထိုနောက် မြို့ပေါ်ရှိ အခြေခံပညာမူလတန်း (လွန်) ကျောင်းများမှ ကလေးသူငယ်များ ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ် ပြန်/ဆက်ဦးစီးမှူးနှင့် တာဝန်ရှိသူ တို့က ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)