မိုင်းယုမြို့၌ သီးနှံစွန့်ပစ်ပစ္စည်းများ အသုံးပြု၍ EM ဘိုကာရှီမြေဆွေး ပုံပြုလုပ်ပြသခြင်း ကွင်းဆင်းဆောင်ရွက်ပေး
Jan 08,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် စိုက်ပျိုးရေး သွင်းအားစု ဓာတ်မြေဩဇာများ၊ ဓာတုပိုးသတ်ဆေးများ ဈေးနှုန်းကြီးမြင့်၍ တောင်သူများ အပြည့်အဝမသုံးစွဲ နိုင်ခြင်းကြောင့် အထွက်နှုန်းကျဆင်းခြင်းမရှိစေရန် လယ်ယာထုတ်ကုန်မှု စရိတ်လျော့ချနိုင်စေရန်၊ ဘေးအန္တရာယ် ကင်းရှင်းပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိဘဲ လယ်ယာထွက်ကုန်များ ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ EM ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်ပြသခြင်းကို ယနေ့ နံနက်ပိုင်းက တာကြန့်ကျေးရွာအုပ်စု၊ ဆမ်မိန်းကျေးရွာရှိ တောင်သူတို့၏ ရော်ဘာစိုက်ခင်း၌ လက်တွေ့ကွင်းဆင်းဆောင်ရွက်ပေးသည်။