သတင်းများ

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်
Jan 08,2022
စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Jan 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသိပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀)နာရီ အချိန်မှစ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ဆောင်းသီးနှံ ပဲမျိုးစုံ (မြေထောက်ပဲ)နှင့် ဆီထွက်သီးနှံ (နေကြာ) သီးညှပ်စံပြကွက် ကွင်းသရုပ်ပြပွဲ ပြုလုပ်
Jan 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ဆောင်းသီးနှံ ပဲမျိုးစုံ (မြေထောက်ပဲ)နှင့် ဆီထွက်သီးနှံ (နေကြာ) သီးညှပ်စံပြကွက် ကွင်းသရုပ်ပြပွဲကို ၂၀၂၂ ခုနှစ် ယမန်နေ့ နံနက် ၉ နာရီ အချိန်က အင်းတော်မြို့ ကွင်းအမှတ် ၁၀၃၄ ကွင်း၊ တောင်သူ ဦးဝင်းဖေ၏ မြေထောက်ပဲ (ဒေသမျိုး)၊ နေကြာ (ဆင်းရွှေကြာ-၂) သီးညှပ်စိုက်ခင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ် အင်ပင်မြို့အုပ်ချုပ်ရေးမှူးရုံး အဆောက်အအုံသစ်ပန္နက်တင် မင်္ဂလာအခမ်း အနားကျင်းပ
Jan 08,2022
မြန်အောင်မြို့နယ်၊ အင်ပင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမြို့အုပ်ချုပ်ရေးမှူးရုံး အဆောက်အအုံသစ် ဆောက်လုပ် ခြင်းလုပ်ငန်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် ၁ ရပ်ကွက် အောင်ဧရာလမ်းနှင့် ဝိဇ္ဇာလမ်း ထောင့်ရှိ အဆိုပါရုံး ဆောက်လုပ်မည့် မြေနေရာ၌ကျင်းပသည်။
မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ၏ ဗီဇပြောင်းမျိုးကွဲဖြစ်သည့် (အိုမီခရွန်) ရောဂါပိုး ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်
Jan 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ဇန်နဝါရီလ ၈ ရက်နေ့က ကိုဗစ်-၁၉ ရောဂါ၏ ဗီဇပြောင်းမျိုးကွဲဖြစ်သည့် (အိုမီခရွန်)ရောဂါပိုး ကြိုတင်ကာကွယ်တားဆီး နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် အညီ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။     
နတ်မောက်မြို့စျေးရပ်ကွက်ရှိ အသက် (၈၅) နှစ်နှင့် အထက်သက်ကြီးဘိုးဘွား (၂၇) ဦးအား လူမှုရေး ပင်စင်ထောက်ပံ့ငွေပေးအပ်
Jan 08,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့စျေးရပ် ကွက်ရှိအသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၂၇) ဦးအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေး ပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက စျေးရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများက ထောက်ပံ့ငွေများကို အဘိုး၊ အဘွားများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Jan 08,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်
Jan 08,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်း များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာ ပေး နှိုးဆော်မှုလုပ်ငန်းကို နေ့စဉ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။