မအူပင် ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီနှင့် မအူပင်မြို့နယ် ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်း (ဆင့်ပွား) သင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းရုံးခန်းမတွင် ဆောက်ရွက်သည်။
သင်တန်းဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီအသင်း တိုင်းတပ်ဖွဲ့မှူး ဦးဝင်းမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းတို့က အဖွင့်မုဒိတာစကား ပြောကြားပြီး မအူပင်မြို့နယ် ကြက်ခြေနီအသင်းတပ်ဖွဲ့မှူး ဦးနေလင်းအား လုပ်ငန်းတာဝန် ခံအပ်ရာထူးပေးအပ်ပါသည်။
ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း (ဆင့်ပွား) သင်တန်းဖွင့်ပွဲသို့ မအူပင်မြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ မြို့နယ်မီးသတ် တပ်ဖွဲ့၊ လူကယ်ပြန်နှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ သင်တန်း တက်ရောက်မည့် ကြက်ခြေနီအသင်းတပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး သင်တန်းကာလမှာ (၂)ရက် ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲ့မှူး ဦးနေလင်းထံမှ သိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ် (မအူပင်)