သတင်းများ

သီပေါမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ် ဆောင်ရွက်
Jan 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် လူသားအရင်းအမြစ်များ ဆုံးရှုံးမှု မရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကိ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေး ခန်းမတွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင် အသက် (၁၈)နှစ် အထက် ပြည်သူ (၁၆၆)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး    
Jan 08,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ယမန်နေ့ နံနက် (၉)နာရီ အချိန် ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေး အသက် (၁၈)နှစ် အထက် ပြည်သူများအား ဒုတိယအကြိမ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်း များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် အမှတ်(၁၄)ရပ်ကွက်တွင် ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့မှ လိုအပ်လျက် ရှိသော အိမ်ထောင်စုများအား ဆန်များထောက်ပံ့
Jan 08,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်တွင် ကုလသမ္မဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (World Food Program) ၏ စားနပ်ရိက္ခာလိုအပ်ချက်ရှိသော အိမ်ထောင်စု များအား ဆန်နှင့် အသက်(၅)နှစ်နှင့်အောက် ကလေးသူငယ်ဦး‌ရေ (၇၃၄) တိုကိုကလေး (၁) ဦးကို အာဟာရနို့မှုန့် (၁၅) စုစုပေါင်း (၁၁၀၁၀) အား အာဟာရထောက်ပံ့ခြင်းကို ယနေ့နံနက် (၉) နာရီ အချိန်ကစတင်၍ ဆောင်ရွက်ခဲ့ရာ WFP မှ စီမန်ချက်မန်နေနေဂျာ ဦးစိုးဝဏ္ဏ၊ ဆန်ဖြန့်ဖြူရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်ကိုကိုတို့ ဦးဆောင်သော အင်အား (၄၃) ဦးတို့မှ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် ဘူတာရပ်ကွက်ရှိ “ ချစ်ချို” ၅၀၀တန် ထမင်းဆိုင်နှင့် တွေ့ဆုံမေးမြန်း
Jan 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဘူတာရပ်ကွက်ရှိ “ ချစ်ချို” ၅၀၀ ကျပ်တန် ထမင်းဆိုင်သို့ ယမန်နေ့ကသွားရောက်ပြီး ယခုလိုတွေ့ဆုံမေးမြန်းခဲ့ပါသည်။
ကျောက်မဲမြို့၊ ဗဟိုဈေးကြီးတွင် မီးငြှိမ်းသတ်ရေး သရုပ်ပြပွဲကျင်းပ
Jan 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ‌ခရိုင်၊ ကျောက်မဲမြို့ဗဟို ဈေးမြောက်ဘက်၊ ပဉ္စသီလမ်းတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မီးငြှိမ်းသတ်ရေး သရုပ်ပြပွဲ ဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဈေးသူဈေးသားများနှင့် ပြည်သူလူထုများ တက်ရောက်ကြည့်ရှုခဲ့ ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအား တာဝန် ရှိသူများအဖွဲ့ ကွင်းဆင်းကြည့်ရှု
Jan 08,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းအား ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ နိုင်ငံတော်မှ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ်ခွင့် ပြုလိုက်ပြီဖြစ်ရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မုံရွာမြို့၌ ဝိသုဒ္ဓိဓမ္မလမ်း ဦးဘုန်းကြွယ်(ဘုန်းကြွယ်-ပညာရေး)၏ ဓမ္မစာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ
Jan 08,2022
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဝိသုဒ္ဓိဓမ္မလမ်း ဦးဘုန်းကြွယ်(ဘုန်းကြွယ်-ပညာရေး)၏ ဓမ္မစာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နေ့လယ်(၁)နာရီက မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုဗဟိုပြု ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး စာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်စိုးနှင့်အဖွဲ့ဝင်များ၊
စုကလိမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးချက်များအား ကရင်/မြန်မာနှစ်ဘာသာဖြင့် လိုက်လံနှိုးဆော်
Jan 08,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းအိုမီခရွန် (Omicron)ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရပ်ကွက် များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။