မောင်တော ဇန်နဝါရီ ၈
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လသာရပ်ကွက် အနောက ရွာရှိ နေအိမ်များ မီးဘေး လုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၉ ရက်နေ့ နံနက် ၉ နာရီ အချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူးဆန်းလှိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက လသာရပ်ကွက် အနောက်ရွာရှိ နေအိမ်များသို့ သွားရောက်ကာ ပြည်သူလူထုများအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မီးကို စနစ်တကျအသုံးပြုစေရေး၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်သူများအနေဖြင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျ မီးငြိမ်းသတ်စေရန်နှင့် မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်း ကွင်းဆင်းစစ်ဆေး အကြံပြုလမ်းညွန် မှာကြားခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)