ဘိုကလေးမြို့နယ် ချောင်းဗြဲကြီးကျေးရွာအုပ်စု စက်ရေတွင်းတူးဖော်ပြီးစီးမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jan 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ သောက်သုံးရေရှားပါးသည့် ရေငံဒေသ ချောင်းဗြဲကြီးကျေးရွာအုပ်စုအား စက်ရေတွင်းတူးဖော်နိုင်ရေးအတွက် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ (၂၀၂၁)ခုနှစ် ဒီဇင်ဘာ (၂၁)ရက်နေ့တွင် ကျေးရွာ တာဝန်ရှိသူများထံသို့ အလှူငွေ(၃၅)သိန်း ပေးအပ်လှူဒါန်းခဲ့ရာ ကျေးရွာတာဝန်ရှိသူများအား အလှူငွေရရှိချိန်မှ စ၍ တစ်ပတ်အတွင်း စက်ရေတွင်းအား တူးဖော်နိုင်ခဲ့ပြီး တူးဖော်ပြီးစီးမှု အခြေအနေအား ယမန်နေ့ နေ့လယ်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံ ခရိုင်ရုံးအဖွဲ့နှင့် ဘိုကလေးမြို့နယ် ရုံးအဖွဲ့တို့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။