သတင်းများ

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ(အိုမီခရွန်)နှင့် စပ်လျဉ်း၍ အသိပညာပေး Talk Show ဆောင်ရွက်
Jan 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမတွင် ဇန်နဝါရီလ(၈)ရက်နေ့ မွန်းလွှဲ(၁)နာရီအချိန်က ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ(အိုမီခရွန်)နှင့် စပ်လျဉ်း၍ အသိ ပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
ကျိန္တလီမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးရေး အသိပေးနှိုးဆော်မှုများဆောင်ရွက်
Jan 08,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ကျိန္တလီမြို့ မီးသတ်ဦးစီးဌာနမှ နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့ နယ် လွှစင်ကုန်းကျေးရွာ၌ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲကျင်းပ
Jan 08,2022
ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် သိုက်ဝါးချောင်းကျေးရွာအုပ်စု လွှစင်ကုန်း ကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက လွှစင်ကုန်းကျေးရွာ လျှပ်စစ်ထရန်စဖော်မာရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆောင်းသီးနှံ ပဲမျိုးစုံ (မြေထောက်ပဲ) နှင့် ဆီထွက်သီးနှံ (နေကြာ) သီးညှပ်စံပြကွက် ကွင်းသရုပ်ပြပွဲ ပြုလုပ်
Jan 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ဆောင်းသီးနှံ ပဲမျိုးစုံ ( မြေထောက်ပဲ ) နှင့် ဆီထွက် သီးနှံ (နေကြာ) သီးညှပ် စံပြကွက် ကွင်းသရုပ်ပြပွဲကို ၂၀၂၂ ခုနှစ် ၊ ယမန်နေ့နံနက်ပိုင်းက အင်းတော်မြို့ ကွင်းအမှတ် ၁၀၃၄ ကွင်း၊ တောင်သူ ဦးဝင်းဖေ၏ မြေထောက်ပဲ (ဒေသမျိုး)၊ နေကြာ (ဆင်းရွှေကြာ-၂) သီးညှပ်စိုက်ခင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရန် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး လျက်ရှိ
Jan 08,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် တစ်ကြိမ်မျှ ကာကွယ်ဆေးမထိုးနှံရသေးသည့် ဒေသခံပြည်သူများကို ယနေ့ နေ့လယ်ပိုင်းက ဆေးထိုးစုရပ် (၄)နေရာတွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ စနစ်တကျ ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ကျောင်းကုန်းမြို့တွင် နယ်မြေလုံခြုံရေးအတွက် လိုင်းစက်လှေများအား စစ်ဆေး
Jan 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် နယ်မြေလုံခြုံရေးအတွက် လိုင်းပြေးဆွဲနေသော စက်လှေများ အား ယနေ့နံနက် ၉ နာရီအချိန်က စစ်ဆေးခဲ့ကြသည်။
ပဲခူးမြို့တွင် မီးလောင်မှုဖြစ်ပွား
Jan 08,2022
ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ဗဟိုစည် (၄)လမ်းတွင် ယနေ့ နေ့လယ် (၁၁) နာရီအချိန်ခန့်က ထမင်းပေါင်းအိုး တည်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံ Guitar တီးသင်တန်းဖွင့်လှစ်
Jan 08,2022
ထိုသို့ဖွင့်လှစ်ရခြင်းမှာ သံတွဲမြို့နယ်ရှိ ရွက်ပုန်းသီးအနုပညာရှင်များ ပေါ်ထွက်လာရေး၊ Guitar ဝါသနာရှင်များ Guitar ကိုကျွမ်းကျင်စွာ အခြေခံမှစတင်၍ စနစ်တစ်ကျ တီးခတ်နိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Youth Club တို့ပူးပေါင်း၍ သံတွဲခရိုင် လူထု အခြေပြုဗဟိုဌာန Art Space ခန်းမတွင် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။