Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များအား အသံချဲ့ စက်ဖြင့် အသိပေးနှိုးဆော်
Jan 09,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြို တင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၌ အသံချဲ့စက်ဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့ ကျက်သရေဆောင် သမိုင်းဝင် ကျိုက်သလ္လံစေတီတော် မြတ်ကြီးတွင် စကျင် ကျောက်ပြားခင်း ကျင်းနိုင်ရေး လုပ်အားပေးမှု မွန်ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုအားပေး
Jan 09,2022
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကျက်သရေဆောင် သမိုင်းဝင် ကျိုက်သလ္လံ စေတီတော်မြတ်ကြီးသို့ သွားရောက်ပြီး ဖူးမြှော်ကြည်ညို ကန်တော့ကာ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာရှင်ပြည်သူများက တစ်ပေ ပတ်လည် စကျင်ကျောက်ပြားများ ရင်ပြင်တော်အပြည့် ခင်းကျင်းနိုင်ရေးအတွက် ရင်ပြင်တော်ပေါ်သို့ တင်ဆောင် ကုသိုလ်ယူ လုပ်အားပေးနေမှုကို ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့သည် မိုင်းတုံမြို့နယ်၌ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့
Jan 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီခွဲက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့သည် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့တွင် ပြည်သူများအားတွေ့ဆုံ၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်များပြုလုပ်ခြင်း အခမ်းအနားကျင်းပ
Jan 09,2022
စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ဆည်တော်ဦးကျေးရွာတွင် ကလေးခရိုင် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ၊ ကလေးတပ်နယ်မှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ဆည်တော်ဦးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ နတ်သျှင်နောင် ခန်းမတွင် ပြည်သူများအား တွေ့ဆုံ၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ခြင်း အခမ်းအနား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတွဲမြို့ရှိ မဟာသဒ္ဓမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ သုခဝတီပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္ဒ စန္ဒိမာ၏ ဝမ်းသာပီတိစကားသံ တွေ့ဆုံမေးမြန်းခြင်း
Jan 09,2022
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဆရာတော်ကြီးများ၊ ဂန္တဓုရပရိယတ္တိဝန်ဆောင်စာချ ဆရာတော်များ၊ ဝိပဿနာ ဓုရပဋိပတ္တိဝန်ဆောင် ကမ္မဌာန်းနည်းပြဆရာတော်များ၊ နယ်လှည့်ဓမ္မကထိကနှင့် ပြည်တွင်းပြည်ပ သာသနာပြု ပုဂ္ဂိုလ်များအား သာသနာတော် ဘွဲ့တံဆိပ်တော်များ ဆပ်ကပ်လှူဒါန်းအပ်နှင်းခဲ့ရာ ရခိုင်ပြည်နယ်အတွင်း ဆရာတော်ကြီးများနှင့် သီလရှင် (၁၈)ပါးရရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် သံဖြူဇရပ်မြို့၊ ကျောက်ကပ်တုသွေးသန့်စင်ဌာနဖွင့်ပွဲနှင့် ဒေသတွင်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး ကွင်းဆင်းကြည့်ရှု
Jan 08,2022
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ဇီဝိတဒါနဆေးအလှူ တော်ရုံ၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဓမ္မပီယ(အရှင်သုည)၏ သက်တော်(၅၀)ပြည့်(ရွှေရတု) ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာ အခမ်းအနားနှင့် ကျောက်ကပ် တုသွေးသန့်စင်ဌာနဖွင့်ပွဲသို့ တက်ရောက်ပြီး ကျောက်ကပ်တုသွေးသန့်စင်ဌာနကို ဆရာတော် ဘဒ္ဒန္တဓမ္မပီယ(အရှင်သုည)နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ကျောက်ကပ်ဆေးနေမှုတို့ကို ကြည့်ရှု အားပေးသည်၊၊
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ပဆင-ဓနုဘေး-သက္ကယ်ကျွန်းလမ်းကတ္တရာလမ်းခင်းခြင်း ဖွင့်ပွဲတက်ရောက်ဖွင့်လှစ်
Jan 08,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ပဆင-ဓနုဘေး-သက္ကယ်ကျွန်းလမ်းကတ္တရာလမ်းခင်းခြင်းဖွင့်ပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် ပဆင-ဓနုဘေး-သက္ကယ်ကျွန်းလမ်းတွင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ် (၂) ချစ် ကြည်ရေးတံတားမှတစ်ဆင့်(၂၂၁)ဦး ဆက်လက် ဝင်ရောက်
Jan 08,2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်လက်ခံလျက်ရှိရာ ယနေ့တွင် ပြန်လည်ဝင်ရောက်လာသူ ၂၂၁ ဦး ဆက်လက်ဝင်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
21835
Page
21836
Page
21837
Page
21838
Current page
21839
Page
21840
Page
21841
Page
21842
Page
21843
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department