သတင်းများ

ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂)ရပ်ကွက် သုဿာန်အဝင်လမ်း ကျောက်စီ ရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်း (၇၀)ရာခိုင်နှုန်းပြီးစီး
Jan 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ သုဿာန်အဝင်လမ်း ကျောက်စီရေမြောင်း အပိုင်း(၄) ပြုလုပ်ခြင်း လုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မိုင်းယောင်း၌ ရေညှိကြော်ဝယ်ယူစားသုံးသူ ပိုများလာပြီး တစ်ပိုင်တစ်နိုင် ရေညှိခြောက် ပြုလုပ်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ
Jan 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ရေညှိကြော်ဝယ်ယူ စားသုံးသူ ပိုများလာပြီး တစ်ပိုင်တစ်နိုင် ရေညှိခြောက် ပြုလုပ်ရောင်းချသူများ မိသားစု အပိုဝင်ငွေ ရရှိနေကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်
Jan 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ်၌ စတုတ္ထအသုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂၀၆၄၇)ဦး ထိုးပြီးဖြစ်
Jan 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ကာကွယ်ဆေးများ ဆက်လက်ထိုး နှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီက စတုတ္ထအသုတ် ဒုတိယအကြိမ်တွင် ကာကွယ်ဆေးထိုးပြီးသူပေါင်း (၂၀၆၄၇) ဦးရှိကြောင်း သိရှိရသည်။
ပိုင်ကျုံမြို့ အမှတ်(၄) ရပ်ကွက် သီတာအေးလမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း‌ ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး
Jan 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေ ပြည်သူများ သွားလာမှုအဆင်‌ ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် (၂၂.၅၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီတာအေးလမ်းတွင် ကွန်ကရစ်လမ်း လုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၃ ရက်‌နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်မူ ရာနှုန်းပြည့်ပြီးစီးနေပြီး ဖြစ်ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား Mask များ အခမဲ့ဖြန့်ဝေပေး
Jan 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကိုဗစ်ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကျန်းမာရေးဝန်ထမ်းများက နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် အမှတ်(၁၁)ရပ်ကွက်တွင် ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့မှ လိုအပ်လျက်ရှိသော အိမ်ထောင်စုများ ဆန်များထောက်ပံ့ပေး
Jan 08,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်တွင် ကုလသမ္မဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (World Food Program) ၏ စားနပ်ရိက္ခာ လိုအပ်ချက်ရှိသော အိမ်ထောင်စုများအား ဆန်နှင့် အသက်(၅)နှစ်နှင့် အောက် ကလေးသူငယ် များအား အာဟာရထောက်ပံ့ခြင်းကို  ယမန်နေ့ နံနက် (၉)နာရီအချိန်က စတင်၍ ဆောင်ရွက် ခဲ့ရာ WFP မှ စီမန်ချက်မန်နေနေဂျာ ဦးစိုးဝဏ္ဏ၊ ဆန်ဖြန့်ဖြူရေး အဖွဲ့ခေါင်းဆောင် ဦးအောင်ကိုကိုတို့ ဦးဆောင်သော အင်အား(၅၈)ဦးတို့မှ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းတွင် စစ်တုရင်ပြိုင်ပွဲကျင်းပ
Jan 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းတွင် ကျင်းပခဲ့သည်။