မိုင်းယုမြို့၌ သီးနှံစွန့်ပစ်ပစ္စည်းများ အသုံးပြု၍ EM ဘိုကာရှီမြေဆွေး ပုံပြုလုပ်ပြသခြင်း ကွင်းဆင်းဆောင်ရွက်ပေး

မိုင်းယု ဇန်နဝါရီ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် စိုက်ပျိုးရေး သွင်းအားစု ဓာတ်မြေဩဇာများ၊ ဓာတုပိုးသတ်ဆေးများ ဈေးနှုန်းကြီးမြင့်၍ တောင်သူများ အပြည့်အဝမသုံးစွဲ နိုင်ခြင်းကြောင့် အထွက်နှုန်းကျဆင်းခြင်းမရှိစေရန် လယ်ယာထုတ်ကုန်မှု စရိတ်လျော့ချနိုင်စေရန်၊ ဘေးအန္တရာယ် ကင်းရှင်းပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိဘဲ လယ်ယာထွက်ကုန်များ ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ EM ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်ပြသခြင်းကို ယနေ့ နံနက်ပိုင်းက တာကြန့်ကျေးရွာအုပ်စု၊ ဆမ်မိန်းကျေးရွာရှိ  တောင်သူတို့၏ ရော်ဘာစိုက်ခင်း၌ လက်တွေ့ကွင်းဆင်းဆောင်ရွက်ပေးသည်။

ထိုသို့ လက်တွေ့ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် မိုင်းယုစိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့နှင့် ဝန်ထမ်းများက EM ဘိုကာရှီ တစ်လီတာ၊ တင်လဲရည် တစ်လီတာ ကို ရေဂါလံ(၂၀)ဖြင့် ဖော်စပ်ပြီး ပဲရိုး၊ ကောက်ရိုး တစ်ပုံစာအတွက် အသုံးပြုရပြီး ပဲရိုး၊ ကောက်ရိုးခြောက် EM ဘိုကာရှီ ပြုလုပ်ရာတွင် အလျား ပေ အနံ ပေ အမြင့် ပေထိ ရောက်အောင် လက်မထု တစ်လွှာချင်းစီကို ဖွဲနု၊ နွားချေးခြောက်မှုန့်တို့ဖြူးပြီး EM ဘိုကာရှီဖျော်ရည်ကို ရေရွှဲနေအောင်လောင်းပေးကာ ပလပ်စတစ်ဖြင့် လုံအောင်ဖုံးအုပ် ပေးထား၍ တစ်လခန့်ကြာလျှင်  အသုံးပြုနိုင်သည့် သဘာဝမြေဩဇာ EM ဘိုကာရှီ မြေဆွေး ကို ရရှိမည်ဖြစ်သည်။

ယင်းဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲခြင်းကြောင့် မြေဆီလွှာ တိုးတက်ကောင်းမွန်စေခြင်း၊ သီးနှံ ဖြစ်ထွန်းမှုကို အထောက်အကူပြုခြင်း၊ စိုက်ပျိုးသူ၊ စားသုံးသူ သက်ရှိများနှင့် ပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်စေခြင်း၊ ပတ်ဝန်းကျင်ရှိအကျိုးပြု အဏုဇီဝများ ပိုမိုတိုးပွား လာစေသည့်အတွက် ရေရှည်အသုံးပြုရန် အထူးသင့်တော်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပြီး မိမိတို့စိုက်ပျိုးသည့် စပါး၊ ပြောင်း၊ ပဲ၊ ဟင်းသီး ဟင်းရွက်၊ ဥယျာဉ်ခြံသီးနှံများတွင် ထည့်သွင်းအသုံးပြုနိုင်ကြောင်း မြို့စိုက်ပျိုးရေးဦးစီးဌာနမှ  သိရသည်။

ကိုကိုနိုင်(မိုင်းယု)