ပြင်စလူမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်
Jan 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကိုဗစ်-၁၉. မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ အသိပညာပေးနှိုးဆော်ရာ၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း၊ အိုမီခရွန်မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉ ရောဂါနှင့် လုံးဝမတူခြင်း၊ ယခင်ကိုဗစ်-၁၉ ရောဂါဖြစ်ဖူးသူများ ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် မိဘပြည်သူများ အနေဖြင့် ပြင်ပမှဧည့်သည်များ လက်မခံပါရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ ကိုဗစ်-၁၉ရောဂါကို မိမိကစ၍ကာကွယ်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ၊ တတ်နိုင်သမျှ အိမ်မှာနေပါ၊ လူစုလူဝေးရှောင်ပါ၊ အပြင်ထွက်တိုင်း ပါးစပ် နှင့်နှာခေါင်းစည်း(Mask)တပ်ဆင်ပါ၊ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ဆိုးပါ၊ ပြတင်းပေါက်များကိုဖွင့်ထားပါ၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀)ကြာ ဆေးကြောကြပါ၊ သံသယလက္ခဏာခံစားရလျင် ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်ပါ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံရန်နှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်းဖြင့် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ခြင်း၊ အခြားသူများကို ကာကွယ်နိုင်ခြင်း၊ အိုမီခရွန်အပါအဝင် မျိုးဗီဇပြောင်းပိုးများ ကူးစက်မှုမှကာကွယ်နိုင်ခြင်း၊ ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ခြင်းအစရှိသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည့် ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာကြရန်၊ ကိုဗစ်-၁၉ရောဂါ ရပ်တန့်ဖို့ ရောဂါကာကွယ်ရေးလုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာ၍ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။