ညောင်ရွှေမြို့နယ်၊ တောင်တိုကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက် အိမ်ထောင်စု လူဦးရေစာရင်း(၁၀၂)စုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၃၀၆)ခု ဆောင်ရွက်ပေးခဲ့

ညောင်ရွှေ  ဇန်နဝါရီ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာသည် နိုင်ငံသားများ ဖြစ်ကြသည့် တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်၊ ညောင်ရွေမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးမောင်မောင်ဇော်နှင့် ဝန်ထမ်းများသည် ယမန်နေ့က တောင်တို ကျေးရွာအုပ်စု၌ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆောင်ရွက်မှုတွင် တောင်တိုကျေးရွာအုပ်စုအတွင်းရှိ ပိန္နဲ ကုန်းကျေးရွာ၊ လွယ်တော်ကျေးရွာနှင့် တောင်တိုကျေးရွာများမှ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်း(၁၀၂)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၀၆)ခု ဆောင်ရွက် ပေးခဲ့ကြောင်းနှင့် အခြားကျေးရွာအုပ်စုများသို့လည်း စီမံကိန်းကာလအတွင်း ဆက်လက်၍ ကွင်းဆင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ