သတင်းများ

ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ရောဂါဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းနှိုးဆော်
Jan 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်း ပါဝင်ဆောင်ရွက် နိုင်ရန် ရည်ရွယ်၍ အသိပညာပေ နှိုးဆော်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်များတွင် Hand Speaker ဖြင့် ကျန်းမာရေး အသိပညာပေး လှည့်လည်နှိုးဆော်ခဲ့သည်။
ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသည့် သက်သေခံလက်မှတ် ပြသနိုင်မှသာ မြို့နယ်တွင်းသို့ ဝင်ရောက် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရ
Jan 09,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အခြားဒေသမှ ဝင်ရောက် လာသူများ အနေဖြင့် (၁၇-၁-၂၀၂၂)ရက်နေ့မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသည့် သက်သေခံ လက်မှတ် ပြသနိုင်မှသာ ဂွမြို့နှင့် ကျိန္တလီမြို့အတွင်းသို့ ဝင်ရောက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ယနေ့ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Jan 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ စာပေကိုဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိနိုင်စေရန်၊ စာပေနှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှု ရှိစေရန်နှင့် စာပေမှ ဗဟုသုတများစွာ ရရှိနိုင်စေရန်ရည်ရွယ်၍ အင်းစိန်မြို့နယ် Book Club အသင်းစာဖတ်ဝိုင်း ကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာအုပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Jan 09,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက် ခန်းမ၌ ယနေ့ ညနေ (၄) နာရီအချိန်က စာရေးဆရာ ရာမည-သွေးမွန် ရေးသားထားသည့် “ခြေအသားမာ ၏ ဝေဒနာအပိုင်းအစနှင့် အခြားကဗျာများ” စာအုပ်များအားပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
စာရေးဆရာ ကိုချမ်းမြေ့ ရေးသားသည့် “ပြည်သူများနှင့်ပြည်သူ့ဆက်ဆံရေး” ဆောင်းပါးအား စာဖတ်ဝိုင်း ပြုလုပ်
Jan 09,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုး သူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များစုပေါင်း၍ ၂၂-၁၁-၂၀၂၁ မြဝတီ သတင်းစာတွင် ပါရှိသည့် စာရေးဆရာ ကိုချမ်းမြေ့ ရေးသားထားသော “ပြည်သူများနှင့် ပြည်သူ့ ဆက်ဆံရေး” ဆောင်းပါးအား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး ၆ လပြည့် နိုင်ငံ့ဝန်ထမ်းများအား ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးနေမှုနှင့် မြန်မာ့ရိုးရာ လက်ဝှေ့ပွဲ ကျင်းပမှုကို ကြည့်ရှုအားပေး
Jan 09,2022
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး ၆ လပြည့်ပြီးသည့် နိုင်ငံ့ဝန်ထမ်းများအား ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။
မော်လမြိုင်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Jan 09,2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်နှင့် ကမ်းနားလမ်းတို့၌ အသံချဲ့ စက်ဖြင့် အသိပညာပေး လိုက်လံနှိုးဆော်သည်။
ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးကွဲဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်ပါ အသိပညာပေး နှိုးဆော်
Jan 09,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အိုမီခရွန်(Omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးကွဲဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာမိမိကစ၍ ကာကွယ်ပါ အသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်း အောင်သုခ ရပ်ကွက်ရှိ လူစည်ကားရာ နေရာများသို့ သုံးဘီး မော်တော်ယာဉ်ဖြင့် လိုက်လံအသိပေးနှိုးဆော် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။