သတင်းများ

သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှ တစ်ဆင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Jan 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် သုတ၊ ရသ စာအုပ်စာ‌စောင်မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်/ ပန်းအလှခေါက်ခြင်း အစီအစဉ်များကို ရိုက်ကူး၍ သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာတွင် စာပေဗိမာန်စာပေစာမူဆု ဝတ္ထုတိုပေါင်းချုပ်ဆုရ စာရေးဆရာအား ဂုဏ်ပြုပွဲနှင့် စာအုပ် လှူဒါန်းပွဲကျင်းပ
Jan 09,2022
မိတ္ထီလာတွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာ အသင်းတို့ပူးပေါင်း ဆောင်ရွက်သော စာပေဗိမာန်စာပေစာမူဆု ဝတ္ထုတိုပေါင်းချုပ်ဆုရ စာရေးဆရာအား ဂုဏ်ပြုပွဲနှင့် စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ဦးစီးဌာနရှိ လူထုထုအခြေပြု ဗဟိုဌာနခန်းမတွင် ကျင်းပကြောင်း သိရသည်။
ဂွမြို့တွင် မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့်  လုံခြုံရေးအတွက် ဧည့်စာရင်း စစ်ဆေးခြင်းများ  စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ
Jan 09,2022
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက် ဧည့်စာရင်းစစ်ဆေးဆောင်ရွက်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့  ည ၉ နာရီက ပူးပေါင်းရေးအဖွဲ့မှ   ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်း (Mask) တပ်ဆင်သွား‌လာကြရန်  နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေ
Jan 09,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့ နံနက် ၉ နာရီက မြို့မရပ်ကွက်ရှိ သီရိရတနာဈေးရှေ့တွင် ဈေးရောင်း၊ ဈေးဝယ်သည့် ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေ းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး မာန်အောင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မီးသတ်ယာဉ်နှင့် နေအိမ်လိုင်းခန်းများအား စစ်ဆေး
Jan 09,2022
ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန၊ ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းထိုက်သည် ယမန်နေ့နံနက် ၈ နာရီခွဲက မာန်အောင်မြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား တွေ့ဆုံကာ မီးဘေးလုံခြုံရေးလုပ်ငန်းများအား ရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ရန်၊
တံတားဦးမြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံတွင် အလှူငွေများလှူဒါန်းခြင်းနှင့် အောက်ဆီဂျင် (၄၀) လီတာအိုးများ လာရောက်လှူဒါန်း
Jan 09,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံအမြဲတမ်း လည်ပတ်နိုင်ရန် လိုအပ် လျက်ရှိသော မီးစက်အတွက် အလှူရှင်များမှ အလှူငွေများနှင့် အောက်ဆီဂျင်(၄၀) လီတာအိုးများကို ကော်မတီများထံသို့ အသီးသီးထံသို့  လာရောက်လှူဒါန်း ကြကြောင်းသိရသည် ။
ထား၀ယ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် “ထားဝယ်တိုင်းရင်းသား ဓလေ့ထုံးတမ်းစာအုပ် မိတ်ဆက်ပွဲ” ကျင်းပ
Jan 09,2022
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထားဝယ်ရှေးဟောင်းသုတေသီအဖွဲ့တို့ ပူးပေါင်း၍ ထားဝယ်တိုင်းရင်းသား ဓလေ့ထုံးတမ်းစာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် ၉  နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ သည်။
ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာတွင် ‌မိသားစုတစ်နိုင်တစ်ပိုင် ဆောင်းမြေပဲ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Jan 09,2022
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကော့လှိုက်ကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် လယ်ယာမြေများ၌ မိုးသီးနှံများစိုက်ပျိုးပြီး သီးထပ်အဖြစ် ဆောင်းသီးနှံဖြစ်သော မြေပဲများ စိုက်ပျိုးထားလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။