ညောင်ရွှေမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်း ယာယီဈေး၌ ပါးစပ်နှင့် နှာခေါင်းစည်းမျက်နှာဖုံး တပ်ဆင်အသုံးပြုရေးနှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေး လူထုအသိပညာပေး လှုပ်ရှားမှုဆောင်ရွက်

ညောင်ရွှေ   ဇန်နဝါရီ   ၉

ဒေသတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်းမျက်နှာဖုံး စနစ်တကျတပ်ဆင်အသုံးပြုရေး လူထုအသိပညာပေး လှုပ်ရှားဆောင်ရွက်မှုကို ယမန်နေ့က ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ စည်ပင်သာယာရေးဌာန ကြီးကြပ်မှု အောက်ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းအတွင်း ဖွင့်လှစ်ထားသည့် ယာယီဈေး၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လူထုအသိပညာပေး လှုပ်ရှားမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဦးနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ရောဂါနှင့် ဗီဇပြောင်းအိုမီခရွန်နှင့် ဒယ်တာဗိုင်းရပ်ပိုး ကူးစက်ဖြစ်ပွားမှု သတိပြု ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ၊ မြိုနယ်စည်ပင်သာယာရေးဌာနမှ ပါးစပ်နှင့် နှာခေါင်းစည်းမျက်နှာဖုံးများ အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု တာဆီးကားကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းကို မြန်မာဘာသာ၊ ပအိုဝ်းဘာသာ၊ ရှမ်းဘာသာများဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ