ရန်ကုန် ဇန်နဝါရီ ၉
မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်ကြတဲ့ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး ရရှိစေရန်နှင့် နိုင်ငံသား အရည်အချင်း ပြည့်မှီသူများအတွက် ရည်ရွယ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်အရ လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ယူ၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ၂၀၂၁ခုနှစ် မေလ(၃)ရက်နေ့မှ ၂၀၂၂-ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့အထိ ဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်တွင် လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေ စာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းမရှိ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင် သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသူများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် အမှတ်(၅)ရပ်ကွက်နေ ပြည်သူများမှ အသက်(၁၈) ပြည့်ပြီး၊ နိုင်ငံရေးကတ်ပြားမရှိသူများ၊ ပျောက်ဆုံးသူများကို နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးနေမူကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် မြို့နယ်ဦးစီးမှူးရုံးတွင် ဝန်ထမ်းများမှ ဆောင်ရွက်ပြုလုပ်ပေးလျက်ရှိပြီးကြပြီး လိုအပ်သော အချက်အလက် အထောက်အထား များကိုလည်း ပြည်သူများ သိရှိနိုင်ရေး ရှင်းလင်းညှိနှိုင်း ပူးပေါင်းဆောင်ရွက် ပေးခဲ့သည်။
အလားတူ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျန်ရှိသော ရပ်ကွက်များသို့ နယ်လှည့်ကွင်ဆင်း၍ ဆောင်ရွက် သွားပေးမည် ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)