ပြင်စလူမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်

ပြင်စလူ  ဇန်နဝါရီလ  ၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကိုဗစ်-၁၉. မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ အသိပညာပေးနှိုးဆော်ရာ၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ  အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း၊ အိုမီခရွန်မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉ ရောဂါနှင့် လုံးဝမတူခြင်း၊ ယခင်ကိုဗစ်-၁၉ ရောဂါဖြစ်ဖူးသူများ ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် မိဘပြည်သူများ အနေဖြင့် ပြင်ပမှဧည့်သည်များ လက်မခံပါရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ ကိုဗစ်-၁၉ရောဂါကို မိမိကစ၍ကာကွယ်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ၊ တတ်နိုင်သမျှ အိမ်မှာနေပါ၊ လူစုလူဝေးရှောင်ပါ၊ အပြင်ထွက်တိုင်း ပါးစပ် နှင့်နှာခေါင်းစည်း(Mask)တပ်ဆင်ပါ၊ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ဆိုးပါ၊ ပြတင်းပေါက်များကိုဖွင့်ထားပါ၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀)ကြာ ဆေးကြောကြပါ၊ သံသယလက္ခဏာခံစားရလျင် ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်ပါ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံရန်နှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်းဖြင့် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ခြင်း၊ အခြားသူများကို ကာကွယ်နိုင်ခြင်း၊ အိုမီခရွန်အပါအဝင် မျိုးဗီဇပြောင်းပိုးများ ကူးစက်မှုမှကာကွယ်နိုင်ခြင်း၊ ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ခြင်းအစရှိသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည့် ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာကြရန်၊ ကိုဗစ်-၁၉ရောဂါ ရပ်တန့်ဖို့ ရောဂါကာကွယ်ရေးလုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာ၍ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးလုပ်ငန်း များကို ယနေ့ နံနက်  (၈)နာရီအချိန်က ပြင်စလူမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့လျှပ်စစ် ဓာတ်အားပေးလုပ်ငန်း၊ မြို့စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်ထောင်စုလမ်းမကြီး၊ ကုမုဒြာလမ်း၊ ကမ်းနားလမ်းနှင့် ဘုရားလမ်းတို့၌ (Hand Speaker)ဖြင့် နှိုးဆော်အသိပညာပေးလျက်ရှိသည်။

ဇော်ဝင်းထွန်း(ပြန်/ဆက်)