သတင်းများ

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများအားတွေ့ဆုံ
Jan 09,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်သည် မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ စာရေးဝန်ထမ်းများအား ယမန်နေ့ နံနက် (၉) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့၌ ရှေးဦးပြုစုနည်း အခြေခံ(မွမ်းမံ)သင်တန်း ဖွင့်လှစ်
Jan 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ကြက်ခြေနီအသင်းမှ ကြီးမှူးပို့ချသည့် ရှေးဦးပြုစုနည်း အခြေခံ (မွမ်းမံ)သင်တန်းကို ယနေ့နံနက်၁၀နာရီအချိန်က ရပ်ကွက်(၄)ရှိ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူးဦးစိုင်းစိုးထွန်းနေအိမ်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြင်းမူမြို့နယ်တွင် ကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိပြီး တောင်သူများ ဈေးကောင်းရရှိရန် မျှော်လင့်လျှက်ရှိ
Jan 09,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ယခုအခါ  ဆောင်းကုလားပဲ များစိုက်ပျိုးထားရှိရာအောင်မြင်ဖြစ်ထွန်းလျှက်ရှိ စိုက်ပျိုးတောင်သူများအနေဖြင့်ဈေးကောင်းရရှိရန်မျှော်လင့်လျှက်ရှိကြသည်။
ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ဗီဇမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 09,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ်အတွင်းရှိ ကူးတို့ဆိပ်ကျေးရွာသို့ သွားရောက်ပြီး အသံချဲ့ စက်ယာဉ်ဖြင့် အသိပညာပေးနှိုး‌ဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ
Jan 09,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ‌ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးမျိုးဇော်ဟိန်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လဝကဦးစီးမှူး ဦးသိန်းလွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်က မကျီးကုန်းကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအထောက်အကူပြု ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထီးချိုင့်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Jan 09,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့်ပြည်သူများအား နိုင်ငံသားကတ်ရရှိနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇန်နဝါရီလ (၈) ရက်နှင့် (၉) ရက်နေ့များတွင် မောင်းကုန်းကျေးရွာ အုပ်စု၊ မောင်းကုန်းကျေးရွာ  ကံသစ်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။
ညောင်တုန်းမြို့နယ် သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jan 09,2022
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေး၊ ပြည်သူများ အမှိုက်များ စည်းကမ်းတကျ စွန့်ပစ်ရေးနှင့် လမ်းဘေးဝဲယာတွင် အမှိုက်များ မစွန့်ပစ်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက မြို့အဝင်လမ်း၊ ကြိုဆိုပါ၏ ပန်းခြံဝန်းကျင်၊ မြို့မစျေးအနောက်ဘက်၊ ဗိုလ်ချုပ်ကြေးရုပ် ဝန်းကျင်နှင့် ခိုင်ရွှေဝါလမ်းမကြီးတလျှောက် လမ်းဘေး ဝဲယာများတွင် စုပေါင်းသန့်ရှင်းရေး အမှိုက်များ ရှင်းလင်းခြင်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီးပြန်လာသည့် လုပ်သား ၁၄၅ ဦးအား နေရပ်ဒေသအသီးသီးသို့ ဆက်လက်ပို့ဆောင်
Jan 09,2022
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီးပြန်လာသည့် မြန်မာလုပ်သား ၁၄၅ ဦးသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ယမန်နေ့ ညနေ ၅ နာရီခွဲက ရောက်ရှိခဲ့ရာ ၎င်းတို့အား နေရပ်ဒေသအသီးသီးသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ပို့ဆောင်နိုင်ရေး  တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးကာ တောင်ကြီးမြို့သို့ ဆက်လက်ပို့ဆာင်ပေးခဲ့ကြောင်း သိရသည်။