မိုးညို ဇန်နဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ မိုးညိုမြို့နယ်၊ ဇီးပင်ကျေးရွာအုပ်စုသို့ ယမန်နေ့တွင် ကွင်းဆင်း၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မကိုင်ဆောင်ဘူးသေးသူများအား နေ့ချင်းပြီး ဆောင်ရွက် ထုတ်ပေး ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းရာ နေရာများသို့ မိုးညိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိ၊ အဖွဲ့ဝင် ဗိုလ်မှူး ရဲထွဋ်အောင်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု အားပေးခဲ့ပြီး ဆောင်ရွက်ပြီးစီးသော နိုင်ငံသား စိစစ်ရေး ကတ်ပြား (၃၄၀)ကတ်အား ပြည်သူတစ်ဦးချင်း ထံသို့ ပေးအပ်ခဲ့သည်။
မိုးညိုမြို့နယ်တွင် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃၇)အုပ်စုတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၆၅၃၇)ခု ပြုလုပ်ဆောင်ရွက်ပေး သွားမှာဖြစ်ကြောင်း၊ ယခုအချိန်အထိ နိုင်ငံသား စိစစ်ရေး ကတ်ပြား (၅၀၁၉)ကတ်အား ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး ၇၆.၇၈% ပြီးစီးပြီ ဖြစ်ကြောင်း၊ ကျန်ရှိသော နိုင်ငံသား စိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများကိုလည်း ကွင်းဆင်းပြုလုပ်ပေး သွားမည်ဖြစ်ကြောင်း၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းနိုင်ထံမှ သိရသည်။
ကိုမင်း(မိုးညို)