သတင်းများ

မြင်းမူမြို့နယ်ရုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး Talk Show ကျင်းပ
Dec 09,2021
ယနေ့ခေတ်လူငယ်များ စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြင်းမူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်ရုံး Community Centre ခန်းမတွင် “အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေး အသိပညာပေး” Talk Show ကျင်းပ
Dec 09,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် “အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေး အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ဘားအံပညာရေးဒီဂရီကောလိပ်၌ ဆရာအတတ်ပညာမွမ်းမံသင်တန်းဆင်း
Dec 09,2021
ပညာရေးဝန်ကြီးဌာန၊ ဘားအံပညာရေးဒီဂရီကောလိပ်တွင် အသစ်ခန့်အပ်သော  နည်းပြ၊ သရုပ်ပြ များ၊ အခြေခံပညာကျောင်းများတွင် အသစ်ခန့်အပ်သော  လက်ထောက်မူလတန်းပြနှင့် လက်ထောက်အလယ်တန်းပြ ဆရာ၊ ဆရာမများ၏ ဆရာအတတ်ပညာမွမ်းမံသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခန့်က ဘားအံ ပညာရေးဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပ သည်။
ကျောက်မဲမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့‌ပေါ်တွင်   ယမန်နေ့နံနက်နံနက်ပိုင်းက အသက် ၁၈ နှစ်အထက် ပြည်သူများအား သတ်မှတ်စုရပ်အသီးသီး ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ‌ကြောင်း  သိရသည်။
ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး 
Dec 09,2021
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲ(၂:၀၀) နာရီကဝါးခယ်မမြို့နယ် သမဝါယမ ဦးစီးဌာနရုံး၌ သွား‌ရောက်ဆောင်ရွက်ပေးခဲ့သည်။
ကြံခင်းမြို့နယ် စေတနာ့ဝန်ထမ်းကြက်ခြေနီ Volunteer RCV များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးစုရပ်တွင် ပူးပေါင်းဆောင်ရွက်
Dec 09,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်စေတနာ့ ဝန်ထမ်းကြက်ခြေနီတပ်စုမှုးနှင့် တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းကကြံခင်းမြို့နယ် ဆိပ်သာကျေးရွာအုပ်စု ရွှေကြာရံဘုရားတန်ဆောင်းဆေးထိုးစုရပ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုး နှံရာတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သရက်မြို့၌ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 09,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှု ပြန်လည် စိစစ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အားကစားဆိုင်ရာ အသိပညာပေး ဟောပြော​​ပွဲနှင့် ကြံ့ခိုင်စွမ်းရည် လေ့ကျင့် သရုပ်ပြခြင်းများ ဆောင်ရွက်
Dec 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက လူငယ် ၊လူရွယ်များ အားကစားကို စိတ်ပါဝင်စားနိုင်စေရန်နှင့် အခြေခံအားကစား နည်းစနစ်များကို သိရှိနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၁နာရီက  အားကစားဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ကြံ့ခိုင်စွမ်းရည် လေ့ကျင့် သရုပ်ပြခြင်းများကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။