ရေတာရှည် ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ ဇန်နဝါရီလ ၂၀ ရက် နေ့လယ်(၂) နာရီအချိန်က သက်ငယ်မုဒိမ်းမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲများ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ငုဝါကျော် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်မေဆန်းရည်က သက်ငယ်မုဒိမ်းမှု ဖြစ်ပေါ်တတ်သည့် အခြေအနေ များ၊ သတိပြုရှောင်ရှားရမည့်အချက်များ ၊ဥပဒေရေးရာ ကိစ္စရပ်များအား ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြန်မာစကားပုံများနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် ရည်ရွယ်၍ စကားပုံဆက်ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးမှ အဖွဲ့ (၂)ဖွဲ့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများ ဆရာမများက ပြည်သူ့ စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအား လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)