ပျဉ်းမနား ဇန်နဝါရီ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်နေလျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ပျဉ်းမနားမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းလွင်၊ စာရေးဆရာခိုင်မင်း(နေပြည်တော်)နှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) တို့က ပင်လုံစာချုပ်မချုပ်ဆိုမီ တောင်းတန်းဒေသ စုံညီအစည်းအဝေး ကျင်းပခဲ့မှုများ၊ နယ်ချဲ့ကိုလိုနီ လက်အောက်မှာ တိုင်းရင်းသား တွေအချင်းချင်း သွေးကွဲနေမှု အခြေအနေများ၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် ပြည်ထောင်စုနေ့ရဲ့ အရေးပါပုံများ အကြောင်း၊ အနာဂါတ်နိုင်ငံတော်အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှု၏ အရေးပါပုံ အကြောင်းများကို ဆွေးနွေးကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးမှ ရိုက်ကူးထုတ် လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
ခန့်ဝင်းကျော်