စစ်ကိုင်း ဇန်နဝါရီ ၂၁
(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စု့နေ့တွင် နိုင်ငံတောအဆင့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အလှပြယာဉ်များ ပြသနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့ပိုင်းက စစ်ကိုင်းတက္ကသိုလ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် က နိုင်ငံတော်အဆင့် တိုင်းဒေသကြီး ကိုယ်စားပြု အလှပြယာဉ်(၃)စီး ပြသသွားမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အထင်ကရယဉ်ကျေးမှု အမွေအနှစ်များ၊ ထုတ်ကုန် ပစ္စည်းများနှင့် တိုင်းရင်းသားရိုးရာ အထိမ်းအမှတ်များ၊ ဖော်ကြူးပြသသွားမှာ ဖြစ်တဲ့အတွက် လုပ်ငန်းဆပ်ကော်မတီ အသီးသီးတို့က မိမိတို့လုပ်ဆောင်သွားရမည့် လုပ်ငန်းစဉ်များ သက်မှတ်ချိန်ပြီးစီးအောင် ဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့် ဆွေးနွေး ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်က စစ်ကိုင်းမြို့တွင် အလှပြယာဉ် တည်ဆောက် ပြီးစီးနေမှု အခြေအနေများကို အသေးစိတ် ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ လုပ်ငန်းဆက်ကော်မတီ အသီးသီး တို့က လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးက လုပ်ငန်းအောင်မြင်ရေး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အကအလှများဖြင့် ပြသနိုင်ရန် အကလေ့ကျင့်နေရာသို့ လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်