ဘူးသီးတောင် ဇန်နဝါရီ ၂၁
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယနေ့နံနက်ပိုင်းက ဘူးသီးတောင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးတွင် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို ဘူးသီးတောင်မြို့ မြို့မ အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီးဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီအလိုက် တိတိကျကျနှင့် မြန်မြန်ဆန်ဆန် ပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာ တွင်လည်း စေတနာထားပြီး စနစ်တကျ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားနှင စပ်လျဉ်း၍ စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအား ကစားပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပသွားမည် ဖြစ်ပါကြောင်း နိုင်ငံတော်အလံတင် အခမ်းအနား၊ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား၊ အားကစား ပျော်ပွဲရွှင်ပွဲများနှင့် အခမ်းအနားသို့ တက်ရောက်လာမည့် ဧည့်သည်တော်များနှင့် ကျန်းမာရေးဆပ်ကော်မတီမှ ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေးလိုက်နာ ဆောင်ရွက်ရမည့် အချက်များကို လိုက်နာဆောင်ရွက်ရန်နှင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ၊ ပြည်နယ်ကော်မတီ၊ ခရိုင်ကော်မတီများက ညွှန်ကြားထားရှိသည့်အတွက် အလေးထား လိုက်နာဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ ယခုညှိနှိုင်း အစည်းအဝေးတွင် လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းတာဝန်များနှင့် အခြားဖြည့်စွက်ဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စများကို အသေးစိတ် ဆွေးနွေးတင်ပြကြစေလိုပါကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်ဗိုလ်မှူး ငြိမ်းချမ်းဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးညီညီတို့က(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အခြေအနေ များကို ဆွေးနွေးတင်ပြကြရာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများကများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
တင်ပြဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)