ချောက်မြို့၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ စတင်ထုတ်ပေးလျက်ရှိ

ချောက်   ဇန်နဝါရီ    ၂၁

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ယနေ့မှစ၍ နံနက် ၅ နာရီမှမွန်းလွဲ ၂ နာရီထိ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ချောက်မြို့ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစား ဝန်ထမ်းများအား ပင်စင် လစာထုတ်ပေးခြင်းကို နိုင်ငံတော်အစိုးက သတ်မှတ်ထားသော အများပြည်သူ ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိကြောင်း၊ ဇန်နဝါရီ ၂၁ ရက်နေ့က စတင်ကာ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ ထုတ်ပေးလျက်ရှိပြီး ပင်စင်လစာငွေထုတ်ယူမည့် အငြိမ်းစားဝန် ထမ်း ယခုလတွင်(၁၀)ဦးတိုးလာ၍ စုစုပေါင်းပင်စင်ထုတ်ယူမည့်သူ (၃၂၈၂)ဦးရှိကြောင်း မြန်မာ့စီးပွားရေး ဘဏ်တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ကျော်မိုး(ပြန်/ဆက်)