သတင်းများ

ပင်လောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး၊ ဆေးထိုးမှုရာခိုင်နှုန်း နည်းပါးသည့် ကျေးရွာအုပ်စုများအား အသိပညာပေး ပြောကြားခြင်းလုပ်ငန်းဆောင်ရွက်
Dec 09,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အသက်၁၂နှစ်မှ အသက်၆၅နှစ်ကြားရှိ ပြည်သူများအား ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များတွင် စဉ်ဆက်မပြတ် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
မိုးညှင်းတက္ကသိုလ်၌ နည်းပြ၊ သရုပ်ပြဆရာ/ဆရာမသစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲနှင့် သင်တန်း ဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Dec 09,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ရှိ မိုးညှင်တက္ကသိုလ်တွင် ၂၀၂၁ ခုနှစ်၊ နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမသစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခန့်က ရတနာခန်းမ၌ ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောလှကျေးရွာနှင့် သာယာကုန်းကျေးရွာတို့မှ ဦးတည်အုပ်စုတွင်ပါဝင်သူများထဲမှ တတိယအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံလျက်ရှိ
Dec 09,2021
ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောလှကျေးရွာနှင့် သာယာကုန်းကျေးရွာတို့မှ ဦးတည်အုပ်စုတွင်ပါဝင်သူများထဲမှ တတိယအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်
Dec 09,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်တို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက လက်ကိုင်အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး အဆင့်မြင့်ပညာနှင့် အခြေခံပညာ ဆရာ/ ဆရာမများ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ တက်ရောက်အားပေး
Dec 09,2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအေးလှိုင်သည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယမန်နေ့နံနက်ပိုင်း က စစ်ကိုင်းပညာရေး တက္က္ကသိုလ် ဘွဲ့နှင်သဘင်ခန်းမ၌ ကျင်းပပြုလုပ်သည့် အဆင့်မြှင့်ပညာ/ အခြေခံပညာ ဆရာ/ ဆရာမများ ဘာသာရပ်ဆိုင်ရာသင်တန်းနှင့် စီမံခန့်ခွဲရေး စွမ်းရည်မြှင့်သင်တန်းဆင်းပွဲသို့ တက်ရောက်အားပေး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
၂၀၂၁- ၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ဆရာ၊ ဆရာမ သစ်လွင်များအား မွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ
Dec 09,2021
၂၀၂၁- ၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ဆရာ၊ ဆရာမသစ်လွင်များအား မွမ်းမံသင်တန်းဆင်းပွဲကို ဒီဇင်ဘာ (၈)ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ ကျင်းပသည်။
ဘိုကလေးမြို့နယ်တွင် ကုန်အညွှန်းအမှတ်တံဆိပ်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Dec 09,2021
ဘေးအန္တရာယ်ရှိသည့် ကုန်စည်များနှင့် ဝန်ဆောင်မှုများ၊ တားမြစ်ထုတ်ကုန်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း၍ ကုန်အညွှန်းအမှတ် တံဆိပ်ဆိုင်ရာ အသိပညာပေးTalk Showအား ယနေ့နံနက်(၁၁)နာရီ၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ကျင်းပ ဆောင်ရွက်သည်။
ရန်ကုန်အ​နောက်ပိုင်းခရိုင် လူထုအ​ခြေပြုဗဟိုဌာန(ဗဟန်း) Community Centre ၌အိမ်တွင်း လက်မှုပညာ သင်တန်းကျင်းပ
Dec 09,2021
ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်က ကြီးမှူးကျင်းပ​သော အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်​စေရန်နှင့် အမျိုးသမီးလူငယ်၊ လူရွယ်များအိမ်တွင်းမှု အတတ်ပညာ များ ကျွမ်းကျင်စွာ တတ်​မြောက်ပြီး မိမိတို့ကိုယ်တိုင်အိမ်တွင်းမှု လုပ်ငန်းများကို တီထွင်ဖန်တီးနိုင်စွမ်းရှိ​စေရန်အတွက် ယ​နေ့နံနက် ၁၀ နာရီတွင် လူထုအခြေပြုဗဟီုဌာန(ဗဟန်း) Community Centre ၌ ကျင်းပရာ၌မြို့နယ်အတွင်းရှိ စိတ်ဝင်စားသူ အမျိုးသမီးငယ်များအား သင်ကြား​ပေးလျက်ရှိသည်။