သတင်းများ

မြို့နယ်သံဃနာယကအဖွဲ့ အနားယူ အစားထိုးရွေးချယ်ပွဲကျင်းပရေး အကြိုညှိနှိုင်းစည်းဝေး
Jan 21,2022
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် သံဃနာယကအဖွဲ့ ၂၅ ရာခိုင်နှုန်း အနားယူ အစားထိုး ရွေးချယ်ပွဲ ကျင်းပရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ညောင်ရွှေမြို့ သာသနဝိပုလ ရွှေဂူပရိယတ္တိစာသင်တိုက်၌ ကျင်းပကြောင်း သိရသည်။
တောင်ကြီးမြို့၌ “လောကဇာတ်ခုံပေါ်မှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Jan 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book  Club) နှင့် လူငယ်အသင်း (Youth  Club) တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာဗဟုသုတ ဖလှယ်နိုင်ကြစေရန်နှင့် တစ်ဦးနှင့် တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ရရှိစေရန်အတွက် ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်ခန့်က စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ “လောကဇာတ်ခုံပေါ်မှာ”  စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။
ညောင်ဦးမြို့နယ်တွင်(Omicron)အပါအဝင်ကိုဗစ်-၁၉ဗီဇပြောင်းရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးနှိုးဆော်
Jan 21,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင်(Omicron)အပါအဝင်ကိုဗစ်-၁၉ဗီဇပြောင်းရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ် ၍အသိပညာပေးနှိုးဆော် ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများသို့ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ညောင်ဦးမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့်ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ကမ်းနီကျေးရွာတွင် အခြေခံရှေးဦးပြုစုနည်းသင်တန်းဖွင့်လှစ်
Jan 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကမ်းနီကျေးရွာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူငယ်၊ လူရွယ်များ အခြေခံရှေးဦး ပြုစုခြင်းနှင့်ပတ်သက်၍ သိရှိနိုင်စေရန်နှင့် လူနာများအား ရှေးဦးပြုစုရာတွင် စနစ် တကျ ဆောင်ရွက်တတ်စေရန်အတွက် ရည်ရွယ်၍ အခြေခံရှေးဦးပြုစုနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက ကမ်းနီကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ပုလော မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ ပင်စင်ငွေများ ထုတ်ပေးလျက်ရှိ
Jan 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ လအတွက် အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ဆက်လက် ထုတ်ပေး လျက်ရှိကြောင်း သိရပါသည်။
မြဝတီမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Jan 21,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့် ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြ စေရန်အတွက် အသိပညာပေး နှိုးဆော်မှု လုပ်ငန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းဖြတ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် “စာဖတ်ဝိုင်း” ပူးပေါင်းဆောင်ရွက်
Jan 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Book Club၊  Youth Club အသင်းတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာရေးဆရာ ပါမောက္ခ ဒေါက်တာအောင်အောင်မင်း၏ “အကယ်ဒမစ် လွတ်လပ်ခွင့်၊ အကယ်ဒမစ် အရည်အသွေးနှင့် ပညာရေးအတွေးအမြင်” စာအုပ်ဖြင့် “စာဖတ်ဝိုင်း” ကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
မအူပင်ခရိုင် Community Centre ခန်းမ၌ အိုမီခရွန်(Omicron)ရောဂါအကြောင်းအသိပညာပေး Talk Show ဆောင်ရွက်
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ပြည်သုများ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ အကြောင်းသိရှိစေရန် ရည်ရွယ်၍ အိုမီခရွန်ရောဂါ အကြောင်းအသိပညာပေးTalk Show ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။