ပွင့်ဖြူမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ဝန်ထမ်းများစာဖတ်ဝိုင်းကျင်းပ
Dec 09,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ဝန်ထမ်းများအနေဖြင့် ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် လျင်မြန်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းများကိုကျေပွန်စွာ ထမ်းဆောင်နိုင်ရန်နှင့် စာဖတ်သည့် အလေ့အထများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်သည်။