သတင်းများ

မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်ဝိုင်းပြုလုပ်
Dec 09,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် စာရေး ဆရာ မောင်မိုးယံ၏ "လူငယ်နှင့်...အနာဂတ်ဘဝ မြှင့်တင်ရေး ဆောင်းပါးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာလ သံဃာတော်များ ဆွမ်းအခက်ခဲမရှိရေး ဆွမ်း၊ ဆန်တော်၊ ဆီနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်း ဆက်ကပ်လှူဒါန်းပေး
Dec 09,2021
ကိုဗစ်-၁၉ ကာလအတွင်း ရဟန်းသံဃာတော်များ ဆွမ်းအခက်ခဲမရှိစေရေးအတွက် ဆွမ်း၊ ဆန်တော်၊ ဆီနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးခြင်းကို ယမန်နေ့နံနက် ၉နာရီ က မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များသည် မော်လမြိုင်မြို့၊ မဟာမြိုင်ပရိယတ္တိစာသင်တိုက်တွင် သွားရောက်ဆက်ကပ် လှူဒါန်းပေး သည်။
အုတ်ဖိုမြို့မစျေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီစျေးရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေး
Dec 09,2021
ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အိုးသည်ကုန်းမြို့ မြို့မဈေးတွင် ယနေ့ နံနက်ပိုင်းက အိုးသည်ကုန်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ စျေးရောင်းချမှုရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရာတွင် ဆရာ/ဆရာမများသည် အဓိက ဦးဆောင်မှု အခန်းကဏ္ဍမှာသာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်လှပရေး တို့အတွက် အရည်အသွေးပြည့်ဝသည့် ဆရာ/ဆရာမများ အပေါ်တွင် မူတည်
Dec 09,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီးအတွင်း အသစ်ခန့်ထားသော အခြေခံပညာ ဆရာ၊ ဆရာမများ ဘာသာရပ်ဆိုင်ရာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မကွေးပညာ‌ရေး ဒီဂရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားသည်။
သံတောင်ကြီးမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ် ပြိုင်ပွဲ ပြုလုပ်
Dec 09,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ ကျောင်းသားများ အနေဖြင့် စာကြည်တိုက်နှင့် ရင်းနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန် အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားစေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေးအခေါ်များ ရှိစေရန်၊ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အထများဖြစ်စေရန်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများ သိစေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်လှစ် သင်ကြားလျက်ရှိ
Dec 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၁)သင်တန်းကို ဒီဇင်ဘာလ(၆)ရက်နေ့က စတင်ကာ သင်တန်းသား(၅၀)ဦးဖြင့် ကျွမ်းကျင်ပညာရှင်များက ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိကြောင်း အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ သိရသည်။
ရွှေကူမြို့နယ်အတွင်း ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက် ရှိသော Volunteer များအတွက် စက်သုံးဆီကုန်ကျစရိတ်နှင့် Lunch Box ကုန်ကျစရိတ် (၁)လစာနှင့် ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
Dec 09,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော Volunteer များအတွက် စက်သုံးဆီကုန်ကျစရိတ်နှင့် Lunch Box ကုန်ကျစရိတ် (၁)လစာထောက်ပံ့ခြင်းကို ယမန်နေ့ မွန်းလွှဲ ၁ နာရီခန့်က ရွှေကူမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သီပေါမြို့နယ်တွင် အခြေခံရှေးဦးသူနာ ပြုစုနည်းနှင့် ကျန်းမာရေး အသိပညာပေး သင်တန်းဖွင့်လှစ်
Dec 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ညွှန်ကြားချက်ဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ၊ သီပေါမြို့နယ် ကြက်ခြေနီ အသင်းခွဲ၏ စီစဉ်မှုဖြင့် ကျန်းမာပြီး ကြံ့ကြံ့ခံနိုင်စွမ်းသော ကျေးလက်နေပြည်သူများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍  အခြေခံရှေးဦးသူနာ ပြုစုနည်းနှင့် ကျန်းမာရေး အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရွှေကျောင်းရိပ်သာတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။