လက်ပံတန်း ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်အထိ ပြုလုပ်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုရန် (၇၃၂)ဦးနှင့် ပြင်ပဖြေဆိုသူ (၁၉၇) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၉၂၉)ဦးတို့က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် အတွက် လျှောက်လွှာများ တင်သွင်းထားရှိကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်အတွင်း အ.ထ.ကကျောင်း (၁၂)ကျောင်းနှင့် အ.ထ.က(ခွဲ)ကျောင်း (၈)ကျောင်းရှိပြီး ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို စာစစ်ဌာန(၄)ခုမှ အတွဲ(၁) ဖြေဆိုသူ အတွင်းအပြင်ပေါင်း (၅၅၇)ဦး၊ အတွဲ(၂)ဖြေဆိုသူ အတွင်းအပြင်ပေါင်း (၁၈၁)ဦး၊ အတွဲ(၇)ဖြေဆိုသူ အတွင်းအပြင်ပေါင်း (၁၉၁) ဦး စုစုပေါင်း (၉၂၉) ဦးရှိကြောင်း မြိုနယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝင့်နန္ဒာဌေး