သတင်းများ

ကျိုက်လတ်မြို့ Community Centre ခန်းမ၌ လူငယ်များ၏‌ရွှေရောင်မနက်ဖြန် ခေါင်းစဉ်ဖြင့်  စာဖတ်ဝိုင်းကျင်းပ
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ Community Centreခန်းမ ၌ စာပေချစ်မြတ်နိုးသူများအသင်း  Book Club   အဖွဲ့နှင့်  ပူးပေါင်း၍    လူငယ်များ၏ရွှေရောင် မနက်ဖြန် ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်  ၁၀  နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံမြို့နယ် အမှတ်(၃)ရပ်ကွက်သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူးရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်စို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက် /ကျေးရွာများ အရောက် နိုင်ငံသားစိစစ်ရေး ကတ်ပြား များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၆၅ ရာခိုင်နှုန်း ထိုးနှံပြီးစီး
Jan 21,2022
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ပြီး Covid Shield မှ Sinopharm Phase-6 ပထမအကြိမ် ထိုးနှံခြင်းများအထိ ထိုးနှံဆောင်ရွက် ပေးလျက်ရှိရာ ၆၅ ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်ကြောင်း  မြို့နယ် ကိုဗစ်ကော်မတီထံမှ သိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)ရှိ ကျောင်းသား/သူ အိပ်ဆောင်နှင့်ထမင်းစားဆောင် ဆောက်လုပ်ရန် ပန္နက်တင်အခမ်းအနားတက်ရောက်
Jan 21,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်၈နာရီ အချိန်က မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ နည်းပညာ တက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းသား/သူ အိပ်ဆောင်(၂)ထပ်နှင့် ထမင်းစားဆောင် ဆောက်လုပ်ခြင်း အတွက် ပန္နက်တင် အခမ်းအနားသို့ တက်ရောက်သည်။
စဉ့်ကိုင်မြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကာကွယ်ရေးနည်းလမ်းများအား လိုက်လံအသိပေးနှိုးဆော်
Jan 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်  ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ  Omicron (အိုမီခရွန်)ရောဂါ  ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်   ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍  အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန် အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ မြို့မရပ်ကွက်တွင် ယနေ့နံနက်(၁၀)နာရီက  မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေ ဦးစီးဌာန ဝန်ထမ်းများက Hand Spaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြ ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ချက်များ ကိုလိုက်လံနှိုးဆော်
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)  နှင့်ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာပေးနှိုးဆော်ခြင်းများကို ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်များအတွင်း ယနေ့နံနက် (၁၁)နာရီက လှည့်လည် နှိုးဆော်ခဲ့ကြောင်းသိရသည်။
ငါန်းဇွန်မြို့နယ် ဂျိုကျေးရွာအ.ထ.ကတွင် ကျောင်းသားကျောင်းသူများအား အသိပညာပေး ဆွေးနွေး ဟောပြောပွဲကျင်းပ
Jan 21,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ဂျိုကျေးရွာအုပ်စု ဂျိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပသည်။
ကျွန်းစုမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jan 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မဲတော​ကျေးရွာအုပ်စု​အတွင်းရှိ ‌‌စစ်ဘုကျေးရွာ၌ “ပန်းခင်းစီမံချက်”ဖြင့် ယမန်နေ့က အိမ်ထောင် စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မြို့နယ်လဝကရုံးက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။