စစ်ကိုင်း ဇန်နဝါရီ ၂၁
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ကုန်းရွာကျေးရွာ ကွင်းအမှတ်(၈၃၁/က) တောင်သူဇော်ထိုက်၏ စိုက်ခင်းအတွင်း မိုးစပါးသီးနှံရိတ်သိမ်းပြီး ကျွဲ၊ နွားစာနှင့် မွေးမြူရေးတိရစာ္ဆန်များအတွက် လုံလောက်စွာသိုလှောင်ကာ ပိုလျံသည့် ပင်ကြွင်းကျံများဖြင့် သဘာဝမြေဩဇာပြုလုပ်၍ မိုးကြိုရာသီတွင် စိုက်ပျိုးသီးနှံများ အရည်အသွေး/ ထွက်နှုန်းကောင်းစေရန် သဘာဝမြေဩဇာပြုလုပ် သုံးစွဲနည်းကို ယနေ့နံနက်ပိုင်းက သွားရောက်ပြသပေးခဲ့ကြကြောင်း သိရသည်။
သရုပ်ပြပွဲသို့ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးက ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးအတွက် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းဖြင့် မြေဆီလွှာဂုဏ်သတ္တိများ တိုးတက်ကောင်းမွန်လာမှာ ဖြစ် ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးကလည်း မြေဆီလွှာ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ဓာတ်မြေဩဇာသုံးစွဲမှုကိုလျော့ချ၍ ကုန်ကျစရိတ်သက်သာသော သဘာဝမြေဩဇာသုံးစွဲခြင်းဖြင့် လယ်ယာထွတ်သီးနှံများကို စားသုံးသူတို့ အန္တရာယ်ကင်းစွာ စားသုံးနိုင်မှာဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပြီး အုန်းတောတိုက်နယ်တာဝန်ခံ စိုက်ပညာရှင်များက သဘာဝမြေဩဇာပြုလုပ်နည်း အဆင့်ဆင့်တို့ကို လက်တွေ့ပြသပေးခဲ့ကြသည်။
အဆိုပါသဘာဝမြေဩဇာများကို မိုးကြိုရာသီတွင် စိုက်ဧက (၇) ဧကအတွက် အသုံးပြုနိုင်ရန် (၁၈ပေ၊ ၁၀ပေ၊ ၆ ပေ)နှင့် (၆ ပေ၊ ၄ပေ၊ ၃ပေ) ရှိ သဘာဝမြေဩဇာများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်