သတင်းများ

သာယာဝတီမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ
Dec 03,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ စီနှခွအုပ်စု၊ ကွင်းအမှတ် ၄၇၃(က)တောင်သူ ဦးဖိုးဆိတ်၏ မိုးစပါး စံပြကွက် ဆင်းသုခ(၅)ဧက စိုက်ခင်းတွင် ယနေ့ နံနက်ပိုင်းက စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ် ဒေသခံပြည်သူ (၇၈၅) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm များ ထပ်မံထိုးနှံပေး
Dec 03,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm၊ First Dose ၊ Second Dose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၈)နာရီအချိန်က မြို့နယ်ခန်းမစုရပ်တွင် ဆက်လက်ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင်  မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးအရေးယူ
Dec 03,2021
ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် တွင်မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များအား ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၃ ရက်နေ့က အာရုဏ်ဈေး၊ လက်ပံတန်း(၁)လမ်းအဝိုင်း၊ ကျွန်းကလေးတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် သတ်မှတ်ဌာနဆိုင်ရာအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ယင်းမာပင်မြို့နယ်တွင် မိဘပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးရာ ၁၉၄၀ ဦး ထိုးပေးနိုင်
Dec 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် မိဘပြည်သူများနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ဒုတိယအကြိမ်) တတိယအသုတ်(ဒုတိယအကြိမ်)၊ စတုတ္ထအသုတ်(ပထမအကြိမ်)နှင့် (ဒုတိယအကြိမ်)အဖြစ် အခြေခံပညာ အထက်တန်းကျောင်း ပညာဇွဲမာန်ခန်းမတွင် လည်းကောင်း၊ ရွှေတောင်ဦးဓမ္မာရုံတွင် လည်းကောင်း၊ နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှစ၍ တစ်ပြိုင်တည်း ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး
Dec 03,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ပြည်သူများအား မြို့နယ် အတွင်း ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် အောက်တိုဘာ ၁၈ရက်နေ့မှစ၍ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူ စုစုပေါင်း ၃၃၆၆၉ ဦးရှိပြီးဖြစ်
Dec 03,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် တားဆီး ကာကွယ်နိုင်ရေး အတွက် ရည်ရွယ်၍ ဦးစားပေးအစီအစဉ်အလိုက် သတ်မှတ်ထားသော ဦးတည်အုပ်စုများ၊ အသက်၁၈ နှစ်အထက် ဒေသခံပြည်သူများနှင့် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ ၂ ရက်နေ့အထိ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူ ၃၃၆၆၉ ဦးရှိပြီး၊ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုတွင် ၃၁၄၀ ဦးနှင့် ဒုတိယအကြိမ်ထိုးနှံမှုတွင်  ၉၇၆ ဦးတို့အား ထိုးနှံပြီးဖြစ်ကြောင်း၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။  
နတ်မောက်မြို့၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်၍ ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြား လျက်ရှိ
Dec 03,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ အခြေခံပညာ ကျောင်းများ ဖွင့်လှစ်၍ ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ပညာသင်ကြား လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန် ခန့်က နတ်မောက်မြို့အောင်ဆန်း ရပ်ကွက် ဗိုလ်ချုပ်အထိန်းအမှတ် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား/သူများ ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်၌ အသက်(၂)လမှ (၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းဆောင်ရွက်
Dec 03,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေး စောင့်ရှောက်ရေးဌာန၌ ယမန်နေ့နံနက် ၉ နာရီမှစ၍ မြို့ပေါ်ရပ်ကွက်အသီးသီးမှ အသက်(၂)လမှ (၂)နှစ် အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်း ဆောင်ရွက်ပေး လျက်ရှိသည်။