မိုးနဲ ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများသို့ သွားရောက်၍ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး ကိုယ်ကာယ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ အားကစားဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီ အချိန်က မိုးနဲမြို့နယ် နားခံအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်နန်းသန်းသန်းစိုး က ကျောင်းသား/ကျောင်းသူများအား အားကစားနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောခြင်း ၊ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး ကိုယ်လက်လှုပ်ရှား ကိုယ်ကာယ လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အားကစားဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ဖြစ်သည့် ခြင်းလုံး၊ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကတ်စ်ဘော ဘောလုံးများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးဇာနီထွန်း က လက်ခံရယူခဲ့ကြောင်း သိရသည်။ ဆက်လက်၍ နမ့်မော်ဆွမ်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌လည်း အလားတူ ဆက်လက် ဆောင်ရွက် လှူဒါန်းခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ