သတင်းများ

စာရင်းအင်းဥပဒေ၊ နည်းဥပဒေများ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲ ကျင်းပ
Jan 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီက စာရင်းအင်းဥပဒေ၊ နည်းဥပဒေများ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲ ကျင်းပသည်။
မင်္ဂလာဒုံမြို့နယ်တွင် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sputnik light)(ရုရှား)ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (Sputnik light)(ရုရှား) ကာကွယ်ဆေးကို စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့နယ်၌ ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၌ ကိုဗစ်-၁၉ရောဂါနှင့် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြသည်။
ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသူများနှင့် ဒုတိယအကြိမ် ဆေးထိုးရန်ကျန်ရှိသူများ စတင်ထိုးနှံပေး
Jan 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး  ပထမအကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ များကို ယနေ့နံနက်ပိုင်းတွင် ဝေါမြို့ခန်းမ၌ ဆေးထိုးစုရပ် (၂)နေရာခွဲ၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ
Jan 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လားရှိုးခရိုင်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်၊ မိုင်းရယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် မိုင်းရယ်မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်တို့သည် ယမန်နေ့က မိုင်းရယ်မြို့နယ် လွယ်ငင်းကျေးရွာတွင် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင် ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှုခဲ့သည်။
ဒိုက်ဦးမြို့နယ်၌ တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားကျင်းပ
Jan 20,2022
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာအုပ်စု တာဂွကျေးရွာကရင်နှစ်ခြင်း ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း၌ ယနေ့နံနက်ပိုင်းက တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။
ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များ၏ အန္တရာယ်အကြောင်း အသိပညာပေး Talk Show ဆောင်ရွက်
Jan 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်‌ခြေနီအသင်း၊ကျောက်မဲမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များ၏ အန္တရာယ်အကြောင်း အသိပညာပေး  Talk Show ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့မစျေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး မီးငြိမ်းသတ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်
Jan 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စျေးတန်းရပ်ကွက်ရှိ စည်ပင်သာယာမြို့မစျေး၌ ဒေသခံပြည်သူများ၊ စျေးသူ/စျေးသားများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊  မီးဘေးကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးနှင့် အချိန်မီ မီးငြိမ်းသတ်နိုင်ရေးတို့အတွက် ရည်ရွယ်၍ မီးသတ်ဦးစီးဌာနမှ  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင် သာယာရေးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး မီးငြိမ်းသတ်ရေးလေ့ကျင့်မှုများကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။