သတင်းများ

လှိုင်းဘွဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသ
Dec 03,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့်  နေ့ထူးနေ့မြတ်များ၊ သိသင့်သိထိုက်သည့် အကြောင်း အရာများ၊ အသိပေး ကြေညာချက်များနှင့် အသိပညာဗဟုသုတများ အလွယ်တကူ ဖတ်ရှုနိုင်ရန်အတွက် ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး နံရံကပ်စာစောင်းများကို ပြသဆောင်ရွက် ထားရှိကြောင်း သိရသည်။
တောင်ငူ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ
Dec 03,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းက နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက် အတွင်း ကျရောက်သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး” အသိပညာပေး  Talk Show ဆွေးနွေးပွဲ ကျင်းပသည်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အသက်(၅၅)နှစ်အထက်နှင့် အသက် (၄၀)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Dec 03,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅)နှစ်အထက်နှင့် အသက်(၄၀) နှစ်အထက် ရဟန်းရှင်လူ ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေး ခြင်းလုပ်ငန်းကို မြို့နယ်အတွင်း (၁၆) ရပ်ကွက်ရှိ မြို့ဦးစေတီ၊ (၃၈)ရပ်ကွက်ရှိ မင်္ဂလာအေးကျောင်းတိုက်၊ (၄၇)ရပ်ကွက် ဓမ္မာရုံတို့တွင် စုရပ်သုံးနေရာများ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ၇၇၃ ဦး ကာကွယ်ဆေးလာရောက် ထိုးနှံခဲ့ကြသည်။ ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူ ၁၀၈၇ ဦးရှိကြောင်း သိရသည်။
မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Center)၌ စာဖတ်ဝိုင်းဆွေးနွေးပြုလုပ်
Dec 03,2021
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ဒီဇင်ဘာ ၃ ရက် နေ့လည် ၁၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များက ပူးပေါင်း၍  စာရေးဆရာ ညီညီနိုင် မြန်မာဘာသာပြန်ထားသည့်  “အုပ်ချုပ်ရေးနီတိများနှင့် ခေါင်းဆောင်မှုသဘောတရား”  စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ် မြို့မဈေး မီးဘေးလုံခြုံရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
Dec 03,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် မြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေး အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်း၍ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့ဈေးကြီး အရှေ့၌ ပြုလုပ်ခဲ့ကြသည်။
သီပေါမြို့နယ်တွင် အောက်ဆီဂျင်အခမဲ့ ပေးဝေနိုင်ရန် အလှူငွေများလှူဒါန်း
Dec 03,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်ဆေးကုသမှုခံယူနေသော လူနာများနှင့် အောက်ဆီဂျင်လိုအပ်လျက်ရှိသော အခြားလူနာများအတွက် အောက်ဆီဂျင်အခမဲ့ပေးဝေနိုင်ရန် အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက သီပေါမြို့မဟာမြတ်မုနိဘုရားကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် ဒီဇင်ဘာ ၂ ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါလူနာအသစ် ၁ ဦး စစ်ဆေးတွေ့ရှိ
Dec 03,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ယနေ့နေ့လည်ပိုင်းအတွင်း  RDT Test kit စစ်ဆေး မှုအရ  အမျိုးသမီး ၁ ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင် ပြသဆောင်ရွက်
Dec 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် မသန်စွမ်း သူများဆိုင်ရာသိကောင်းစရာများသိရှိစေရန် ရည်ရွယ်၍ ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ဆိုင်ရာ မသန်စွမ်းသူများနေ့ အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်ထားခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင်ပြသဆောင်ရွက်ထားကြောင်း သိရသည်။